||10|| U

15.9K 1.2K 27
                                    

(Unicode)

||10||
(အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်)

တစ်ပတ်ကြာပြီးနောက် ပျားရည်လိုချိုမြိန်နေသောစုံတွဲ
က မြိုတော်ဝန်အိမ်တော်ကိုပြန်လာခဲ့ကြ၏။ နွေးထွေး
နေသောလေထုကအိမ်တော်မှ အလုပ်သမားများပင်
ခံစားမိကြသည်အထိပင်။

မြို့တော်ဝန်က သခင်လူးကပ်ကို မျက်စိအောက်မှ
အပျောက်မခံဘဲ တယုတယဖြစ်နေပြီးသခင်လူးကပ်က
လည်းအရင်လို အေးစက်စက်ပြောကာငြင်းဆန်ခြင်းမပြု
တော့ဘဲပါးပြင်နုနုတွင် နှင်းဆီနီများပွင့်ဖူးခြင်းဖြင့်တုန့်ပြန်
၏။

"မင်းရဲ့အကြောင်း ဒီမြို့တော်ဝန်ကိုပြောပြချင်လား
လူးကပ်"

ရင်ခွင်ထဲမှ ကောင်လေးငြိမ်သွားသည်ကို ြမြို့တော်ဝန်
ကရှင်းရှင်းလင်းလင်းပင်ခံစားမိ၏။လူးကပ်ကိုယ်လေးကို
ပိုကာတင်းတင်းကြပ်ဖက်ကာ လုံခြုံမှုပေးရန်ကြိုးပမ်းမိ၏။
ကျုပ်ရှိတယ်ဆိုသောစကားကို ခပ်တိုးတိုးပြောနေပေး
လိုက်၏။တစ်ခဏကြာမှတောင့်တင်းနေသော ကိုယ်လေး
ကပြေလျော့သွားကာ စိတ်လျော့လိုက်ဟန်ရှိ၏။

"ကျွန်တော်က ရီကန်ဒီယာကမဟုတ်ပါဘူး။ နော်မန်မြို့
ကပါ"

"နော်မန်..အဲ့တာတောင်ပိုင်းကမြို့တော်မလား"

နော်မန်မြို့က တောင်ပိုင်းမှမြို့တော်ဖြစ်ပြီး အတန်သင့်
ကြွယ်ဝကာစည်းကားသောမြို့ကြီးပင်။ နော်မန်မြို့၏အဓိ
ကထုန်ကုန်က ကျောက်မီးသွေးဖြစ်ပြီး ရီကန်ဒီယာနှင့်
အလှမ်းဝေး၏။ လူးကပ်က ခေါင်းလေးငြိမ့်ကာဟုတ်
ကြောင်းဖြေလာ၏။

"ဟုတ်ပါတယ်"

"လွန်ခဲ့တဲ့ ၃နှစ်က ကျုပ်နော်မန်ကိုရောက်ဖြစ်သေး
တယ်။ ဘာလို့များ စောစောမတွေ့ရတာလဲ~"

နောက်ဆုံးစကားကို မြို့တော်ဝန် မကျေမနပ်ဖြင့်ပြော
လိုက်ခြင်းဖြစ်၏။ သူသာဒီကောင်လေးကိုစောစောရှာ
တွေခဲ့ပါကစောစောထွေးပွေ့ထားနိုင်မည်သာ။သူလူးကပ်
ကိုပိုတိုးကာဖက်ထားလိုက်၏။

"ကျွန်တော့်အဖေက နော်မန်မြို့ကကုန်သည်ကြီးပါ။
မေမေက ကုန်သည်ခေါင်းဆောင်ရဲ့သမီးလေ။ ဖေဖေ
က မေမေကိုလက်ထပ်ပြီးနောက်ပိုင်းကုန်သည်တစ်
ယောက်ဖြစ်လာခဲ့တာ။ ကျွန်တော့် အသက် ၁၅မှာ
မေမေဆုံးပါးသွားတယ်။ သိပ်မကြာခင်မှာဖေဖေက
နောက်အိမ်ထောင်ထူထောင်ခဲ့တာ။ သူမက ဖေဖေ
ရဲ့အချစ်ဦးလို့ပြောကြတယ်။ နောက်ပိုင်း..နောက်ပိုင်း
တော့ ကျွန်တော်ကဖေဖေစိတ်ဆိုးအောင်လုပ်မိလို့..
ကျွန်ကုန်သည်သောမတ်ဆီကိုရောင်းစားလိုက်တယ်။
သူကမှတစ်ဆင့် ရီကန်ဒီယာကိုရောက်လာတာ နောက်
ပိုင်းကတော့ မြို့တော်ဝန် သိပါတယ်"

အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ