||1||

35.1K 2.2K 139
                                    

(Zawgyi)

||1||
(အကျွနု၏ ချစ်လှစွာသောမြို့တော်ဝန်)

မြို့တော် ရီကန်ဒီယာ၊ အနောက်ဘက်အခြမ်းရှိ
မကောင်းမှုများကြီးစိုးရာ မှောင်ခိုဈေးတစ်ခုတွင်
ဖြစ်၏။

မြို့တော် ရီကန်ဒီယာသည် ရှေးအစဉ်အဆက်လက်
ဆင့်ကမ်းခဲ့သော အလေ့ကျင့်ဆိုးတစ်ခုဖြစ်သည့် ကျွန်
ရောင်းဝယ်ရေးကို အားပေး၏။ တရားဥပဒေအရ​တော့
တားမြစ်ထားသော်လည်း ထိုရောင်းဝယ်မှုသည် အမြစ်
ပြတ်သည်ဟူ၍မရှိ နောက်ကွယ်တွင်ကြီးမားနေတုန်း
ပင်။

လူလူချင်းကို ဈေးဖြတ်ကာရောင်းဝယ်ခြင်းကို ရှုံ့ချ
ကာဝေဖန်သူများရှိသော်လည်း လူချမ်းသာများကို
မကျော်လွှားနိုင်ကြ။ ရောင်းချခံရသောသူများသည်
သူတို့ကိုပိုင်ဆိုင်သွားသောသူ၏ လက်ခုပ်ထဲကရေ
ကဲ့သို့ ရှင်သန်ရတော့မည်ဖြစ်၏။ သေဆိုသေရှင်ဆို
ရှင်ပင်။

များသောအားဖြင့် ကျွန်ရောင်းဝယ်ရေးတွင်ပုံစံနှစ်ခု
ရှိပြီး ရုပ်ရည်ချောမောပါက လိင်ကျွန်များဖြစ်၏။ စိတ်
ရှိတိုင်းလာပျော်ပါးခြင်းကို ရှောင်လွှဲမရသောဘဝသို့
ရောက်သွားမည်ဖြစ်ပြီး ပိုင်ရှင်တွင်ဇနီးကြီးရှိပါကပိုဆိုး
၏။ ညည်းပန်းနှိပ်စက်မှုများကိုပါ ခံကြရပြီးသေဆုံးကြ
သည်ချည်းသာ။

ရုပ်ရည်သာမာန်ဖြစ်သော သူများ၏အဖြစ်ကတော့
စကားလုံးဖြင့်ဖော်ပြရပါက "ကျွဲ၊နွား" များကဲ့သို့ပင်။
လယ်တော၊အလုပ်ရုံများနှင့် ​မွေးမြူရေးခြံများတွင်
အလုပ်ကြမ်းသမားများ အဖြစ်လုပ်ကိုင်ကြရ၏။

မဝရေစာသာစားကြရ၏။ ရိုက်နှက်သတ်ဖြတ်မှုများ
ကတော့ ပုံမှန်ပင်။ ကျွန်များသည်ဆုံးဝါးသောအဆုံး
သတ်ကိုသာရရှိကြမြဲပင်။

"ကြမ်းခင်းဈေးက ​ရွှေချောင်း 50ပါ"

နှုတ်ခမ်းမွှေးထူထူနှင့် စမစ်က ပြောရင်း သူ့တပည့်
တစ်ယောက်ကိုအချက်ပြလိုက်တော့ ပါးလွှသော
အဝါဖျော့ရောင်ပိုးသားကို ဝတ်ဆင်ပေးထားသည့်
ကောင်လေးတစ်ယောက်ကိုဆွဲခေါ်လာ၏။

စမစ်က သူ၏နီကျင်သောနှုတ်ခမ်းမွှေးကို လက်တစ်
ဖက်ဖြင့်ပွတ်သပ်လိုက်ရင်း စင်အောက်တွင်စုဝေးနေ
သော လူချမ်းသာများကိုကြည့်လိုက်၏။

အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်[Completed]حيث تعيش القصص. اكتشف الآن