||11|| U

14.3K 1.2K 5
                                    

(Unicode)

||11||
(အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်)

ကပွဲခမ်းမကကျယ်လွန်းကာ တောက်ပြောင်နေ၏။
ရွှေချည်ဖြင့်ယက်ထားသော ပိုးထည်စကြီးများကို
နေရာတော်တော်များများတွင်အလှဆင်ထားပြီး
ခရစ်စတယ်မီးဆိုင်းကြီးများကိုထွန်းညှိထားသော
ကြောင့် ကပွဲခမ်းမတစ်ခွင်လုံး လင်းထင်းနေ၏။

အဖြူရောင်ပြောင်လက်နေသောကြမ်းပြင်ပေါ်တွင်
တော့ခန့်ညားသော အမျိုးသားများသည်သူတို့၏
သက်ဆိုင်သူအမျိုးသမီးလေးများလက်ကိုညင်သာစွာ
ကိုင်ထားပြီးငြိမ့်ညောင်းသောဂီတသံအလိုက်ကနေကြ
၏။

စုံတွဲအားလုံးစီတွင်အပြုံးများပြည့်နေ၏။မိန်းကလေးများ
ကလှပစွာချုပ်လုပ်ထားသောဂါဝန်ရှည်များကိုဝတ်ဆင်
ထားပြီး၎င်းတို့ကပန်းပွင့်လှလှလေးများလိုပင်။သံစဉ်
အနိမ့်အမြင့်အရောက်တွဲဖက်အမျိုးသားများကသူမတို့
၏သွယ်ကျဉ်းသောခါးလေးမှမကာဆွဲမြှောက်လိုက်သည်
နှင့်သူမတို့၏ဂါဝန်စလေးများကငှက်ကလေးများတောင်ပံ
ခတ်သလိုပင်ဖြစ်သွားတော့၏။

ခန်းမကျယ်ကြီး၏ညာဘက်ထောင့်တွင်တော့ရွှေရောင် ယမကာရည်များကိုရေတံခွန်တစ်ခုလိုဖြစ်အောင်ဖန်တီး
ထားသောနေရာတစ်ခုရှိပြီးအမျိုးမျိုးသောဝိုင်များ၊အစား
အသောက်များနှင့်အချိုပွဲများကိုပြင်ဆင်ထား၏။

"လူးကပ်ပါးစပ်ဟ။ဒါကဘုရင်မကြီးရဲ့တော်ဝင်
စားတော်ကဲမစ္စရိုစီတာလုပ်ထားတာ။ဝင့်ကြွားတဲ့နှင်းဆီ
ပန်းပွင့်ချပ်တွေနဲ့အပြင်အဆင်ကသက်သေဘဲ"

လူးကပ်ပါးစပ်လေးဟပေးလိုက်တော့မြို့တော်ဝန်က
ကိတ်အပိုင်းအစလေးကိုရွှေဇွန်းနှင့်ခပ်ကာခွံ့ပေးလာ၏။
တိမ်စိုင်လိုနူးညံ့လွန်းသောကိတ်ကပါးစပ်ထဲတွင်ချက်ချင်း
ပင်ပျော်ဝင်သွား၏။

လူးကပ်စားဖူးသမျှကိတ်များတွင်အရသာအရှိဆုံးပင်။
သာမန်အချိုပွဲလေးကိုပင်ထူးကဲအောင်စွမ်းနိုင်သော
သူမကအရည်အချင်းရှိလွန်း၏။ဘုရင်မကြီးရဲ့စားတော်ကဲရာထူးနဲ့တစ်ကယ်ကိုသင့်တော်လွန်း၏။

အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်[Completed]Место, где живут истории. Откройте их для себя