||5||

17.6K 1.6K 19
                                    

(Zawgyi)

||5||

မြို့တော်ဝန် စုဝေးနေသောလူအုပ်ကြီးကိုကြည့်လိုက်၏။
အများစုမှာ ရုပ်ရည်ကြမ်းတမ်းကြပြီး ရှိရင်းအသက်ထက်
ပိုကာအိုမင်းကြ၏။ ခန္ဓာကိုယ်များက ပိန်လှီနေကြ၏။ အ
လုပ်ကြမ်းများလုပ်ရခြင်း၏အကျိုးဆက်များပင်။လူလူချင်း
အတူတူကိုပင်ဖန်တီးပေးသောကံကြမ္မာကရက်စက်လွန်း
၏။

"ဒီအရေးကို စတင်ခဲ့သူက ဒီမြို့တော်ဝန်ဖြစ်ကတည်းက
အကျိုးဆက်ကိုတာဝန်ယူရမယ့်သူကလည်းဒီမြို့တော်ဝန်
ဘဲဖြစ်သင့်တယ်"

မြို့တော်ဝန်ဝီလီယမ်ဂျိန်း၏ ဩဇာရှိသောအသံထွက်လာ
သည်နှင့် လူအုပ်ကြီးကငြိမ်ကျသွား၏။ အရှင်းဆုံးပြောရ
ပါလျှင် မြို့တော်ဝန်၏စကားကြောင့်ပင်။

"ဘာကိုဆိုလိုတာလဲ မြို့တော်ဝန်ကငါတို့ကိုတာဝန်ယူ
မယ်လို့ပြောနေတာလား?"

"ဘယ်လိုဖြစ်နိုင်မှာလဲ"

"ငါတို့ဘဲနားကြားမှားတာလား"

တီးတိုးအသံများက ဆက်တိုက်ထွက်လာ၏။ သူတို့အား
လုံးမျက်နှာတွင်တော့မယုံနိုင်မှုများက အထင်းသား။ သူ
တို့မယုံကြသည်ကိုလည်းအပြစ်မဆိုသာပေ။ အခုစုဝေး
နေသော လူအုပ်က ရာဂဏန်းရှိ၏။ ထို့ပြင်ယခုအရေး
သာ တစ်ကယ်ဆိုပါက လာရောက်ပူးပေါင်းမည်ကျွန်
များကရှိသေး၏။ မြို့တော်ဝန်ကမည်မျှပင်ချမ်းသာနေ
ပါစေ သူတို့ကမြို့တော်ဝန်အတွက်ဝန်ပိုများဖြစ်စေယမည်သာ။

မြို့တော်ဝန်၏ညာဘက်ဘေးရှိ မြင်းဖြူပေါ်မှအနီနှင့်
အနက်ဗိုလ်ချုပ်ဝတ်စုံကိုဝတ်ဆင်ထားသော ဗိုလ်ချုပ်
မာရင်သည်လည်း အံ့ဩတကြီးဖြစ်နေရ၏။

မြို့တော်ဝန်ကပြောလာ၏။

"ဗိုလ်ချုပ်မာရင် သူတို့ကိုမြို့တော်အရှေ့ပိုင်းက စပျစ်ခြံ
တွေမှာနေရာချပေးလိုက်ပါ။ သူတို့ရဲ့စားသောက်ရေး
နေထိုင်ရေးကို မြို့တော်ဝန်အိမ်တော်ကတာဝန်ယူတယ်"

မြို့တော်ဝန်၏စကားအဆုံး လူအုပ်ကြီးမှာဆူညံကုန်တော့
၏။ စပျစ်ခြံများက မြို့တော်ဝန်ကို ဘုရင်မကြီးကိုယ်တိုင်
ချီးမြှင့်ထားခြင်းဖြစ်၏။ မြို့၏အရှေ့ဘက်တွင်ရှိပြီး ဧက
အတော်ကိုကျယ်ဝန်း၏။

အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ