||7|| U

15.9K 1.3K 65
                                    

(Unicode)

||7||
(အကျွနု်ပ်၏ ချစ်လှစွာသောမြို့တော်ဝန်)

တစ်နှစ်ကြာပြီးနောက်...

"လူးကပ် ဒါက ရိုင်အိမ်တော်က ဆက်သလာတဲ့
ပိုးထည် မင်းကြိုက်လား?"

"ဘာဘဲဖြစ်ဖြစ်အဆင်ပြေပါတယ် မြို့တော်ဝန်"

"ကျုပ်ကိုမြို့တော်ဝန်လို့ဘဲ ခေါ်နေတော့မှာလား။
ကျစ်! တွေ့လား ကျုပ်ကိုလစ်လျူရှုပြန်ပြီ။ ကျုပ်က
စကားပြောရင် တစ်ဖက်ကိုမျက်နှာလွဲသွားတာမကြိုက်
ဘူးနော်။ ကျုပ်ကိုစိတ်တိုအောင် မလုပ်စမ်းနဲ့။ မင်းဘဲ
ပင်ပန်းရလိမ့်မယ် လူးကပ်"

"ကျွန်တော် မလုပ်ရဲပါဘူး။ ကျွန်တော့်နေရာ
ကျွန်တော်သိပါတယ်"

"တောက်! အဲ့တာတွေ ကျုပ်မကြိုက်တာ။ အဲ့ဒီ
ကောင်းကင်ပေါ်ကလကို ကြည့်ရတာအတော်ကြိုက်
နေတယ်ပေါ့လေ။ အဲ့ဒီအစားကျုပ်ရဲ့ပြိုင်ဘက်ကင်း
တပ်သားကိုကြည့်သင့်တာ သူကဖြောင့်စင်းပြီးတစ်
ကယ်လှတယ်"

လူးကပ်လက်ကလေးမှာ ဆွဲယူခံလိုက်ရပြီးမြို့တော်ဝန်
ပြောသည့် ဖြောင့်စင်းနေသည့်တပ်သားကိုကိုင်ခိုင်းခံ
လိုက်ရ၏။ လူးကပ်မျက်နှာများရဲတွတ်သွားသော်လည်း
မျက်နှာပြောင်သော မြို့တော်ဝန်ကတော့ မိန်းမောဟန်
ဖြင့်ညီးညူးသံဖြင့်ပြုရဲသေးသည်။

"မြို့တော်ဝန်!!"

လူးကပ်သူ့လက်ကလေးကိုအမြန်ဆွဲယူကာ အမြန်
ထွက်သွားရန်လုပ်လိုက်သော်လည်း မြို့တော်ဝန်၏
အမြန်ဆွဲယူကာ အိပ်ရာပေါ်သို့သယ်မသွားခြင်းကို
ခံလိုက်ရ၏။

လူးကပ်ကိုလုံးဝအားပြတ်သွားသည်အထိ အကြမ်း
ပတမ်းနမ်းလာပြီး အတွင်းဆုံးနေရာထိထပ်ခါထပ်ခါ
စားသုံးခဲ့၏။ နောက်ခါ လကိုကြည့်ရဲသေးလားဟုသာ
ကြိမ်းဝါးပြီးအတင်း လုပ်နေသူကြောင့် လူးကပ်မှာ
လမင်းကြီးကိုပင်မော့ မကြည့်ရဲတော့ပေ။

လူးကပ်နိုးလာချိန်တွင်တော့ ထိုသူက လူးကပ်ကို
တန်ဖိုးအရှိဆုံးအရာလို ညင်သာစွာ ဖက်ထားပြီး
အိပ်မောကျနေ၏။ လူးကပ်၏ငွေဖြူရောင်ဆံပင်
များနှင့်ထိုသူ၏အညိုရောင်ဆံပင်များကရောနှော
ကာအိပ်ရာထပ်တွင်နေရာယူနေ၏။

အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်[Completed]Donde viven las historias. Descúbrelo ahora