||13|| U (Final)

15.6K 1.2K 76
                                    

(Unicode)
||13||
(အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်)

တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကျွန်ပြုခြင်းကိုမတားစီး
နိုင်သော်လည်း ရီကန်ဒီယာတွင်တော့ပပျောက်သွားကာ
အလုပ်ရှင်နှင့်အလုပ်သမားဥပဒေကိုလက်ခံသုံးစွဲကြ၏။

အရင်လိုညှင်းပန်းမခံရတော့သောကျွန်များကလည်း
အလုပ်ကိုပိုကာကြိုးစားလာကြ၏။ရီကန်ဒီယာစီးပွားရေး
သည်သိသိသာသာတိုးတက်လာသည်မှာအခြားမြို့များ
ပင် သတိထားမိသည်အထိပင်။

အထက်တန်းလွှာလူချမ်းသာများကလည်းတစ်ဖြည်း
ဖြည်းခြင်းလက်ခံလာကြကာ ရီကန်ဒီယာမြို့တော်သည်
အေးချမ်းသာသာယာလျှက်ရှိ၏။

ယခုတွင်တော့ ရီကန်ဒီယာတွင်တစ်လတိုင်တိုင်
ပျော်ပွဲရွှင်ပွဲများဖြင့်ပြည့်နေပြီးလမ်းတိုင်းနေရာတိုင်း
တွင်ဂီတသံများကပျံ့လွှင့်နေ၏...။မြို့တော်ဝန်ကသူ၏
လက်ထပ်ပွဲကိုအကြီးကျယ်ဆုံးဖြစ်အောင်ကျင်းပခဲ့ပြီး
တစ်မြို့တော်လုံးအတွက်ကပွဲတစ်ခုကျင်းပပေး၏။

သူကိုယ်တိုင်လည်းသူချစ်ရသောကောင်လေး၏လက်
ကိုကိုင်ကာကပွဲကိုဆင်နွဲနေသည်မှာအပြုံးများပင်မဆဲ
တော့။မြို့တော်ဝန်၏လက်မောင်းများကြားမှကောင်လေး
သည်လည်းမည်မျှပျော်ရွှင်နေသည်ကိုအကုန်လုံးသတိ
ထားမိကြ၏။

မြို့တော်ဝန်၏လက်ထပ်ပွဲကိုဘုရင်မကြီးကသူမ
ကိုယ်တိုင်ရေးသားထားသောသဝဏ်လွှာဖြင့်ဂုဏ်ပြု
ချီးမြှင့်ခဲ့ပြီးလူးကပ်၏အရင်မျိုးရိုးနာမည်ကိုပယ်ဖျက်
ကာတော်ဝန်မျိုးနွယ်အဖြစ်အသိအမှတ်ပြုခဲ့၏။

ဒါကမြို့တော်ဝန်၏အထူးတောင်းဆိုချက်ဖြစ်ပြီး
သူချစ်သောကောင်လေးကိုမည်သည့်နာကျင်ခြင်း
များမှမခံစားစေချင်သောစိတ်ကြောင့်လည်းဖြစ်၏။
လူးကပ်၏ပင်လယ်ပြာမျက်ဝန်းလေးများမှမျက်ရည်
များဝေ့သီကုန်သောအခါမြို့တော်ဝန်ကသူ၏အနမ်း
များဖြင့်နှစ်သိမ့်ပေး၏။သူကတိုးတိုးလေးပြော၏။

"မငိုနဲ့ ကျုပ်ရှိတယ်။မင်းကိုချစ်တဲ့ဒီမြို့တော်ဝန်ရှိတယ်"
.
.
.
နှစ်တစ်ချို့ကြာပြီးနောက် မြို့တော်ရီကန်ဒီယာ။

အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်[Completed]Donde viven las historias. Descúbrelo ahora