||9|| U ⚠⚠

18K 1.3K 66
                                    

(Unicode)

||9||
(အကျွနု်ပ်၏ ချစ်လှစွာသောမြို့တော်ဝန်)

"ထွက်သွားစမ်း!!"

ရွက်ဖျင်တဲရှေ့ခြေချမိသည်နှင့် ဟိန်းကနဲထွက်လာ
သော မြို့တော်ဝန်၏အသံကြောင့် ခြေဖမိုးဖွေးဖွေး
လေးမှာရပ်တန့်သွားရ၏။

"အကုန်လုံး ကျွန်တော်မခေါ်မခြင်း အဝေးမှာနေပေး
နိုင်မလား။ ကျွန်တော့်ကိုယုံကြည်လို့ရပါတယ်။ မြို့
တော်ဝန်ကို သေချာဖြောင်းဖျပေးပါ့မယ်"

တပ်သားများနှင့် သမားတော်သည် လူးကပ်ကသာ
သူတို့မျှော်လင့်ချက်မှန်းသိသည်မို့ ချက်ချင်းပင်ခေါင်း
ငြိမ့်ကာ ရွက်ဖျင်တဲနှင့်ခပ်လှမ်းလှမ်းကိုရွေ့သွားကြ၏။
လူးကပ် ပင့်သက်ကိုရှိုက်ကာအပြာရောင်ရွက်ဖျင်တဲ
ကြီးကိုလှပ်ကာ အထဲသို့ဝင်လိုက်၏။

"တောက်! ဘယ်သူမှဝင်မလာနဲ့လိုပြောထားတယ်
လေ"

"မြို့ မြို့တော်ဝန်"

လူးကပ် လက်သီးလေးများကို တင်းတင်းလေးဆုပ်ထား
အားတင်းထားရ၏။

"လူးကပ်? ဘယ်လိုဖြစ်ပြီး"

မြို့တော်ဝန်က အနည်းငယ်အံ့ဩသွားပုံရ၏။ ချက်ချင်း
ပင် မျက်နှာကိုတည်ပြစ်လိုက်ကာ လူးကပ်ကိုကျောခိုင်း
လိုက်၏။

"ဒီနေရာမှာ မင်းအတွက်ဘာကိစ္စမှမရှိဘူး လူးကပ်။
ပြန်တော့ တပ်သားတစ်ယောက်လိုက်ပို့လိမ့်မယ်..။
မင်း!"

မြို့တော်ဝန် စကားများရပ်သွားရ၏။ လူးကပ်က
မြို့တော်ဝန်၏ကျောပြင်ကြီးကို နောက်မှနေ၍
တင်းကြပ်စွာသိုင်းဖက်ထားလိုက်ခြင်း။ မြို့တော်ဝန်
က လူးကပ်၏လက်ဖြူဖြူလေးတွေကိုဖယ်ရန်လုပ်
သော်လည်း လူးကပ်ဆီမှနာကျင်စွာအော်သံလေး
ထွက်လာသော အခါငြိမ်ကျသွား၏။

"ဒီမြို့တော်ဝန်က မင်းကိုအလိုမရှိဘူး ပြန်တော့"

"ကျွန် ကျွန်တော် ကြောက်နေမိလို့ပါ"

"ကြောက်တယ် မင်းဘာအရေးမပါတာတွေလာ
ပြောနေတာလဲ ငါ့ကိုလွှတ်စမ်း!"

မြို့တော်ဝန်ကသူ့ကိုအားမသုံးရက်သည်ကိုသိသော
ကြောင့် လူးကပ်မြို့တော်ဝန်ကို ပိုတိုးကာဖက်ပြီး..
ခေါင်းလေးကိုပါမြို့တော်ဝန်ကျောပြင်ကိုအတင်းကပ်
ထားလိုက်၏။

အကျွန်ုပ်၏ ချစ်လှစွာသောမြို့တော်ဝန်[Completed]Onde histórias criam vida. Descubra agora