Part 4

544 78 3
                                    

(unicode)

တစ်နေကုန်ပန်းခြံထဲမှာ ဆော့လိုက် ရန်ဖြစ်လိုက်နဲ့ဆိုတော့ ပင်ပန်းကာ အိပ်ပျော်နေသည်

"ဟိုလေး...ဟိုလေး..အိမ်ရောက်ပြီလေ ထတော့"

"အမ်...ဟုတ် ဒါဆို ဦးလေးကြီးကောင်းကောင်းပြန်ပါဗျ"

အိမ်ရောက်တော့ ဟိုဆော့တို့ရေမိုးချိုးပြီး အပြတ်ရွှိုင်းတော့သည်

ဒီညဟိုကောင်တွေနဲ့ ကလပ် သွားမှာမို့ အလန်းဆုံးဖြစ်အောင်ပြင်သွားရမည်
စော်အလန်းလေးတွေနဲ့လည်းတွဲကရမယ်

ဗီဒိုထဲကအဝတ်တွေအကုန်လုံးကိုဖွပြီး
နောက်ဆုံးတော့ တီရှပ်အပွအဝါရောင်လေးကို အောက်က ဂျင်းပြာရောင်ဘောင်းဘီရှည်လေးနှင့်တွဲဝတ်လိုက်သည်

ရှူးဖိနပ်အဖြူလေးကိုစီးက ခေါင်းစွပ် အဝါလေးကိုစွပ်ရင်း ဂျောင်ဟိုဆော့တို့ အပြတ်သားနားနေတော့သည်

ခနကြာတော့ အိမ်ရှေ့ကိုဂျီမင်းရဲ့ ကားအဝါလေးရောက်လာသည်

တစ်ကယ်ပဲ ကိုယ့်ထက်လပိုင်းလောက်စောမွေးလာတဲ့ အဲ့နှစ်ကောင်ကို မနာလိုလိုက်တာ
သူတို့ဆို၁၈ပြည့်ပြီးလို့ကားမောင်းခွင့်ရှိပြီ
ကိုယ်ကနောက်ထပ် ၂လကြီးများတောင်စောင့်ရအုံးမှာ မတရားဘူး လောကကြီးက ဟွန့်

"ငကု မပါဘူးလာ"

"အဲ့ကောင်က ကလပ် မှာရောက်နှင့်နေပြီ ဟီးဟီး"

ဂျောင်ကု အကြောင်းပြောရင်း တဟီးဟီးရယ်နေတဲ့ ဂျီမင်းပင်

"အဲ့ကောင် ဘာဖြစ်လို့လဲ"

"မင်းဟိုရောက်ရင်သိလိမ့်မယ် ဟီးဟီး"

ကလပ် အပေါက်ဝကိုရောက်တော့
အထဲမှာ ဂျောင်ကု တစ်ယောက် အရက်မူးပြီးအော်ငိုနေသည်
ဘေးမှာလည်း ယွန်းဂီနဲ့ဆော့ဂျင်က ကျောကိုပုတ်ကနှစ်သိမ့်ပေးနေကြသည်
မျက်နှာတွေကတော့ပြုံးစိစိတွေနဲ့

"ဦး​လေးကြီးနဲ့ ဆရာယွန်းကဘယ်လိုလို့ရောက်လာကြတာလည်း"

"ဖေဂျွန်း ပေါ့ကွာ စိတ်မချလို့တဲ့ သူတို့ကိုလိုက်လာခိုင်းတာ"

ဟိုဆော့ ကိုတွေ့တော့ ဂျောင်ကုက ပြေးဖက်ကာငိုပြန်သည်

"အီးဟီး...ချစ်သူငယ်ချင်းလေး ငါ့အဖြစ်ကိုကြည့်ပါအုံး အဟင်းဟင်းးး"

CAMELLIAWhere stories live. Discover now