(unicode)
"မင်းလိုအောက်တန်းစားမျိုးကိုငါကတောင်းပန်ရမယ်ဟုတ်လား"
"မင်းမတောင်းပန်ချင်လည်း ရတယ်နော်
ဒါပေမယ့် မင်းကလေးကိုငါအာမမခံဘူး"မိုက်ရိုင်းသည့်ထိုလူက ဘေးမှာရှိတဲ့ ဟိုဆော့ပါးကိုကိုင်လျက် ဆံပင်တို့ကိုထိုးဖွရင်းပြောနေသည်
"ငါတို့ဖြစ်တဲ့ ကိစ္စမှာ သူနဲ့ဘာမှမဆိုင်ဘူး
ရှင်းချင်ရင် ငါနဲ့ရှင်း""သိပ်ဆိုင်တာပေါ့...သူ့ကြောင့်ဖြစ်လာရတာလေ"
ဟိုဆော့ ခန္ဓာကိုယ်ကိုယ်ပွတ်သပ်နေရင်းပြောနေတဲ့ မြင်ကွင်းကိုဆော့ဂျင်လုံးဝမခံစားနိုင်ဘူး
"ဟုတ်ပြီ ငါဘယ်လိုတောင်းပန်ရမလဲ
ငါတောင်းပန်ရင် မင်းသူ့ကို ပြန်လွှတ်ပေးရမယ်""ကောင်းပြီလေ ငါ့ရှေ့မှာဒူးထောက်ပြီးတောင်းပန်ရမယ် ငါအရှက်ကွဲခဲ့တာကြောင့် ငါဒါကိုvideo ရိုက်ထားပြီး twitter ပေါ်ကိုတင်မယ် မင်းလက်ခံနိုင်ရဲ့လား"
ဟိုဆော့ နိုးလာသည်
နေမကောင်းတာကြောင့် ခေါင်းပင်ထူမရ
သို့ပေမယ့်ရှိ သမျှအားလေးနှင့် အတင်းထကာ ဆော့ဂျင်အားလှမ်းပြော၏"ဦး...ငယ်...မလုပ်နဲ့ ဦးငယ်"
"ကလေးလေးကဘာကိုမလုပ်ခိုင်းမှာလဲ...တောင်းပန်ပြီးရင်အားလုံးပြီးပြီလေ ကလေးလေးရဲ့....ဟားးဟားး"
ဟိုဆော့ ဆံပင်တို့ကိုခပ်ကြမ်းကြမ်းထိုးဖွကာပြောနေသည် ထိုလူရဲ့မျက်နှာ စကားလုံး အကြည့်တို့အားလုံးဟာရွံစရာအတိ
"ကြာတယ်ကွာ ငါ camera နဲ့ချိန်ထားပြီနော်
ကဲစတော့"ဆော့ဂျင် စိတ်ကိုဒုန်းဒုန်းချကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်
ဟိုဆော့ ကတော့မလုပ်နဲ့ဆိုတဲ့အကြည့်တွေနဲ့
ကလေးငယ် ငိုနေတဲ့မျက်နှာလေးကိုမကြည့်ရက်လို့ ခေါင်းကိုပဲငုံ့ထားသည်
"တောင်းပန်ပါတယ် အဲ့နေ့ကထိုးခဲ့မိတဲ့အတွက် "
"ဒါပဲလား...ဒီထက်ပိုပြီးကောင်းကောင်းမွန်မွန်ပြောသင့်တယ်မဟုတ်လား"
![](https://img.wattpad.com/cover/307241838-288-k163507.jpg)
YOU ARE READING
CAMELLIA