(unicode)
"ဦးငယ်တောင်းပန်ပါတယ်နော်"
"ဟင့်...အဟင့်.."
ချော့ခါမှပိုငိုတတ်တာ ကလေးတွေသဘာဝမို့ ဟိုဆော့ ပိုပြီးငိုလာတော့သည်
"ဟိုလေး..ပူနေမှာပေါ့ စောင်ကြီးကိုအဲ့လိုခေါင်းမူးကြီးမခြုံထားနဲ့
ကြည့်ပါအုံးချွေးတွေထွက်နေရော""ဦးငယ်က သားကို ဦးငယ်အိမ်မှာမနေစေချင်တော့ဘူးမလား
သားမနက်ကြရင် ထွက်သွားပေးပါ့မယ်
ဒါပေမယ့်အိမ်တော့ပြန်မှာမဟုတ်ဘူး""မဟုတ်တာ ဟိုလေးရယ် ဒီမှာတစ်သက်လုံးနေရင်တောင်ရတယ်...ဦးငယ်ကလေ စောစောကပြောတယ်ဆိုတာ စိတ်ပူလွန်းလို့ပြောမိသွားတာ ဦးငယ်တစ်ကယ်တောင်းပန်တယ်နော်"
အငိုတိတ်အောင်မနည်းချော့ရသည်
ခနအကြာတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီ မျက်လုံးလေးတွေကတော့မို့အစ်လို့ဒီညလည်းနှဖူးလေးကိုခိုးနမ်းခဲ့မိသည်
______"သားသား ကလိမ္မာရဲ့လား"
"လိမ္မာပါတယ် သူပြောစကားလည်းနားထောင်တယ်"
"အေးကွယ်...သားသားကအလိုလိုက်ထားတော့ဆိုးနေတာ...အခုပဲကြည့်လေ သူ့အဖေကိုခုထိစိတ်ဆိုးမပြေသေးဘူး"
"သူဒီမှာပျော်သလောက်နေပါစေ....သူ့ကိုသေချာစောင့်ရှောက်ထားပါမယ်"
"ကျေးဇူးပါ ဆော့ဂျင်ရယ်"
ဟိုဆော့ မိဘတွေသူ့သားကိုလာခေါ်ဖို့ရာလိုက်လာကြခြင်းဖြစ်သည်
ခနကြာတော့ ဟိုဆော့နဲ့ ထယ်ယောင်း ပြန်လာကြသည် လက်ထဲမှာလည်းမုန့်တွေပိုက်လို့
ထယ်ယောင်းက ဆော့ဂျင် လိုမျိုးမတားပဲ ဟိုဆော့စိတ်ကြိုက်လုပ်ချင်တာစားချင်တာမှန်သမျှ လိုက်လုပ်ပေးတာကြောင့် ခုနောက်ပိုင်း ဟိုဆော့ နဲ့ ထယ်ယောင်း မှာတစ်တွဲတွဲ"သားသား...မေကြီးကလွမ်းနေတာ လာပါအုံး"
ဟိုဆော့အမေက သူ့သားကိုပြေးဖက်ကာ ပါးနှစ်ဖက်ကိုနမ်းရှုံ့လျက်
"သားသားရယ် ဘယ်တော့မှအိမ်ပြန်လာမှာလဲ ဒီမှာနေတာတစ်လလောက်ရှိပြီလေ"
YOU ARE READING
CAMELLIA