Part 14

478 55 2
                                    

(unicode)

"Hope... ဒီ ဗီဒီယို ကိုကြည့်နေချိန်မှာ
ကိုယ်က အမေရိကန်ကို
ပြန်ရောက်နေလောက်ပါပြီ

ပထမဦးဆုံး hope ကိုပြောချင်တာက ကိုယ်တောင်းပန်ပါတယ်
ကိုယ်လေ hope ကိုမြင်မြင်ချင်းကတည်းက သဘောကျမိတယ် နောက်တော့ချစ်မိတယ်

ဒါကိုကိုယ်ကတကိုယ်ကောင်းဆန်ခဲ့တယ်
hope က အန်ကယ်လေးကိုချစ်တယ်လို့သိလိုက်ရတဲ့အချိန်မှာ ကိုယ်က hope ကို အန်ကယ်လေးကို မေ့ပစ်ခိုင်းတယ်
ကိုယ်တစ်ကယ်ဆိုးတာပဲ

ပြီးတော့ကိုယ် သိလိုက်ရတာက လူတစ်ယောက်ရဲ့နှလုံးသားထဲမှာ လူတစ်ယောက်ကနေရာယူထားပြီဆိုရင် နောက်ထပ်ဘယ်သူမှနေရာထပ်မရနိုင်တော့တာကိုပဲ

hope ကသိပ်ကိုဖြူစင်တယ်
အန်ကယ်လေးကလည်း hope ကိုသိပ်ချစ်တယ်
အသက်တောင်ပေးရဲတဲ့အထိပဲလေ

ကိုယ်ကတော့ ကိုယ်ချစ်ရတဲ့သူကိုတောင်မကာကွယ်မစောင့်ရှောက်နိုင်ခဲ့ဘူး
ကိုယ်အတော်လေးညံ့ခဲ့တယ်

ကိုယ်နေခဲ့တဲ့တစ်လျှောက်လုံး ပျော်ခဲ့ရပါတယ်...အရာအားလုံးအတွက်ကျေးဇူးပါ hope

ပြီးတော့ Happy Birthday ပါ
မွေးနေ့လက်ဆောင်အဖြစ် အန်ကယ်လေးကိုပေးလိုက်တယ်ဗျ "

ထယ်ယောင်း ၏ ဗီဒီယို ကိုကြည့်ကာ မျက်ရည်တရွှဲရွှဲနဲ့အကောင်ပေါက်အား
ဆော့ဂျင် ရင်ခွင်ကျယ်ထဲသို့ဆွဲသွင်းလိုက်၏

ကိုယ်တောင်မျက်ရည်ဝဲသေးတာ အသည်းငယ်ငယ်က ပိုဆိုးမည်မဟုတ်လား

ထယ်ယောင်းက ဆော့ဂျင် ခွဲစိပ်ပြီးသတိရချိန်မှာ လာနှုတ်ဆက်ပြီးပြန်သွားတယ်
ပါးစပ်ကလည်း ကျန်းမာရေးဂရုစိုက်ဖို့နဲ့ ဟိုဆော့ကို စောင့်ရှောက်ဖို့ တဖွဖွမှာသွားသေးတယ်

ငယ်ငယ်က ကိုးရီးယား ကိုလာလည်ပြီးတိုင်း
မပြန်ချင်လို့ အမြဲငိုပြီး ပြန်လိုက်သွားရတဲ့ကောင်လေး
အခုတော့ ကိုယ်တိုင်ထပြန်လို့ အံ့သြစရာတော့မရှိ အချစ်တစ်ခုမြုပ်နှံခဲ့ပြီးပြီပဲ..

ကိုယ့်တူလေးအပေါ်ရက်စက်သွားလားဆိုတဲ့အတွေမျိုးဝင်မိပေမယ့်
ထယ်ယောင်းဟာ အများကြီးရင့်ကျက်တဲ့ကလေးတစ်ယောက်ဖြစ်နေတယ်
ပြီးတော့ သူလည်းအချစ်စစ်ကိုတစ်နေ့တော့တွေ့မှာပါ...

CAMELLIAWhere stories live. Discover now