Part 2

588 80 5
                                    

(unicode)

တစ်နေ့ တစ်နေ့ အလုပ်ကိစ္စတွေနဲ့ပဲ
မအားတဲ့ ဆော့ဂျင် တစ်ယောက်
ဂျီမင်း တို့ကျောင်းထဲကို အပြေးအလွှားလိုက်လာရတော့သည်
အကြောင်းမှာ ထိုကလေးတွေ ကျောင်းအုပ်ကြီးရုံးခန်းရောက်နေခြင်းကြောင့်ပင်

နမ်ဂျွန်း က အရေးတကြီး ရှယ်ရာရှင်အစည်းအဝေးရှိနေတာကြောင့် ကျောင်းကဆင့်ခေါ် တာကို မသွားနိုင်ပဲ
ဆော့ဂျင် ကိုအပူကပ်ရတော့သည်

ရုံးခန်းထဲရောက်တော့ တွေ့လိုက်ရသည်ကပြောင်ချော်ချော်မျက်နှာနဲ့ အနှီကောင်လေး သုံးယောက်
ဆရာတွေကလည်း မနိုင်ဘူးဆိုတဲ့အကြည့်တွေနဲ့

ဆော့ဂျင် ကိုတွေ့တော့ ဂျီမင်း နဲ့ ဂျောင်ကု တို့ကရှိသမျှသွား ၃၂ ချောင်းလုံးပေါ်အောင် သွားဖြီးကြီးနဲ့ ရယ်ပြနေကြတယ်
အတော်ကို​ပျော်နေပုံရတယ်
သူ့ရဲ့ ပါးဖောင်းလေးကတော့ သူ့ကိုမြင်တာနဲ့ မျက်ခုံးတစ်ဖက်ကို တွန့်ကာ ဖြေရှင်း လိုက်တော့ဆိုတဲ့ အဓိပ္ပာယ်နဲ့

"ထိုင်ပါ... ဒီက..."

"ကျွန်တော် ဂျီမင်းရဲ့ ဦးလေး ကင်ဆော့ဂျင်ပါ အစ်ကိုမအားတာကြောင့်ကျွန်တော်လာခဲ့ရတာပါ"

"ကောင်းပါပြီ...ဆော့ဂျင် ကိုဒီကိုခေါ်ရတဲ့အကြောင်းက ဒီကလေးသုံးယောက် စာမေးပွဲမှာ စာခိုးချပါတယ်"

"ဗျာ! "
ဒါကဘယ်လိုလဲ ဆိုးတာကို လက်ခံလို့ရပေမယ့် စာမေးပွဲမှာစာခိုးချရလောက်တဲ့အထိ ဒီကလေးတွေ ပျက်စီးနေတာကြီးလား

"ဟုတ်ပါတယ် ဒီတစ်ခါတော့ မိဘတွေမျက်နှာကြောင့်ခွင့်လွှတ်ပေးမှာမို့ အုပ်ထိန်းသူနေကနေ ဝန်ခံကတိလက်မှတ်ထိုးပေးစေချင်ပါတယ်"

ကလေးတွေဆိုးနေပေမယ့် ကျောင်းကိုလစဥ်ထောက်ပံ့နေတဲ့ မြို့မျက်နှာဖုံးမိဘတွေကြောင့် ခွင့်လွှတ်ပေးရပေါင်းလည်းမနည်းတော့ပေ

လက်မှတ်ထိုးပြီး ရုံးခန်းထဲကထွက်လာစဥ်
အနှီကောင်လေးသုံးယောက်က နောက်ကနေကုတ်ချောင်းချောင်းဖြင့်လိုက်လာသည်

ဒီတိုင်းထားလို့တော့မဖြစ်တော့ဘူး
ကိုကြီးနဲ့တိုင်ပင်ပြီး အနီးကပ် စာသင်ပေးမယ့်လူတစ်ယောက်တော့ငှားမှဖြစ်တော့မယ်

CAMELLIAWhere stories live. Discover now