(unicode)
ခုနောက်ပိုင်း ဆော့ဂျင်က ဟိုဆော့နဲ့မဆုံမိအောင် မသိမသာရှောင်လာတာ
အလုပ်ကိုလည်းဟိုဆော့ မနိုးခင်အစောကြီးသွားတယ်
ပြန်လာရင်လည်း ဟိုဆော့အိပ်ပျော်တဲ့အချိန်မှပြန်လာတယ်အလုပ်အားတဲ့ရက်တွေအရင်လို ဟိုဆော့ကြိုက်တာလေးတွေမချက်ကျွေးဖြစ်တော့ဘူး
သွားချင်တဲ့နေရာလေးတွေလည်းမလိုက်ပို့ဖြစ်တော့ဘူး
သေချာပေါက်ကို ကိုယ်မရှိလည်းဖြစ်နေတာပဲ
ထယ်ယောင်း နဲ့သူပျော်နေပြီလေသူပျော်နေရင် ကိုယ်ခံစားရတယ်ဆိုတာ ဘာအရေးလဲ
ကလပ်က အပြန်ထယ်ယောင်းကိုဟိုဆော့အခန်းသွားအိပ်ခိုင်းတဲ့ညမှာပဲ
ထယ်ယောင်းကပြောလာတယ်အဲ့ညက
"အန်ကယ်လေး မအိပ်သေးဘူးလား"
"အင်း အိပ်မပျော်လို့ ဟိုလေးရောအိပ်သွားပြီလား"
"သူအိပ်ပျော်သွားပြီ "
"ဪ..."
ထယ်ယောင်း က ဆော့ဂျင် ရှေ့မှာဝင်ထိုင်တယ်
လေးနက်တဲ့မျက်လုံးတွေနဲ့"အန်ကယ်လေး...အမှန်တိုင်းဖြေ
hope ကိုချစ်နေတာလား""အဲ့မေးခွန်းဆိုမမေးနဲ့တော့...အန်ကယ်လေးမဖြေနိုင်ဘူး အရင်ထဲကပြောထားတယ်မလား တူတစ်ယောက်လို ..."
"အဲ့တာဆို ကျွန်တော် hope ကိုလိုက်မယ်"
ဆော့ဂျင် ရင်ထဲကိုဒိန်းခနဲဖြစ်သွားတယ်
လက်ဖျားတွေတောင်အေးလာတဲ့ထိ"ဟိုလေး ကကစားစရာမဟုတ်ဘူးနော် ထယ်ယောင်း"
"ကျွန်တော်သိပါတယ် ကျွန်တော်ကမကစားပါဘူး အတည်"
"ထယ်ယောင်း ကဧည့်သည်လေ ပြီးတော.."
"ဪ အန်ကယ်လေးရယ်...အဓိကကလူနှစ်ယောက်ချစ်နေဖို့ပဲလိုတာမလား သူ့အချစ်ကိုကျွန်တော်ရအောင်ယူမယ်"
"....."
ဆော့ဂျင် ပြောစရာစကားပင်ပျောက်ကုန်သည်
တစ်ဖက်က မြတ်နိုးရသူလေး တစ်ဖက်က တူအရင်းကိုယ်ချစ်တာကို ဝန်မခံရဲတဲ့သတ္တိမရှိလေတော့ ခံစားပေအုံးတော့ ကင်ဆော့ဂျင်ရေ
YOU ARE READING
CAMELLIA