Part 10

459 55 5
                                    

(unicode)

ဟိုဆော့က ပြောပြောဆိုဆိုနဲ့ ကြက်သွန်ကိုယူလှီးလိုက်တယ်
သီချင်းတောင်ညီးနေသေးတာ

"အ!! "

"ဟိုလေး"

ကြက်သွန်လှီးရင်း လက်ကိုချော်ပြီး ဓားထိသွားသည်

"အားး နာလိုက်တာ အီးဟီး"

"လက်ထိသွားတာပဲ ဦးငယ်ဆေးထည့်ပေးမယ်နော်"

ဟိုဆော့ အော်သံကြားတော့
ထယ်ယောင်း ကပြေးလာတယ်

"hope လက်ကအတော်နက်သွားတာပဲ
မဖြစ်ဘူးဆေးခန်းသွားမယ်"

"ဟာ ရပါတယ် ဦးငယ်ဆေးထည့်ပေးလိမ့်မယ်"

"ဆေးထည့်ယုံနဲ့ဘယ်ဖြစ်မလဲ မေးခိုင်ပိုးဝင်သွားရင်ပိုဆိုးမှာပေါ့ လာပါ"

"ဟိုလေ..."

ဟိုဆော့စကားမဆုံးသေးဘူ ထယ်ယောင်းကပွေ့ချီသွားပြီး ဆေးခန်းသို့ခေါ်သွားသည်

ကျန်ခဲ့တဲ့ ဆော့ဂျင် ကတော့ငြိမ်ပြီးတော့သာကြည့်နေမိတော့သည်
လက်ထဲကဆေးသေတ္တာလေးကလည်း အားငယ်နေလေရဲ့...

"ဒါဏ်ရာက နည်းနည်းပဲနက်သွားတာပါ စိုးရိမ်စရာမရှိပါဘူး
မေးခိုင်ကာကွယ်လေးလည်း ထိုးပေးထားတယ်
ဆေးတော့ ၃ခွက်စာလောက်သောက်လိုက်အုံး"

"ဟုတ်ကဲ့ ဒေါက်တာကျေးဇူးပါ"

ဆရာဝန်ထွက်သွားမှာ ထယ်ယောင်း ကကုတင်ပေါ်မှာလှဲနေတဲ့ ဟိုဆော့နားကို ကပ်ကာ

"လက်နာနေသေးလား"

"နည်းနည်းတော့နာတယ် ပြီးတော့ခေါင်းလည်းမူးတယ်"

"အင်းပေါ့ သွေးတွေအများကြီးထွက်ထားတာကို"

"ဒါဆိုသွားကြမယ်လေ"

"အင်း"

အိမ်မပြန်ခင် ဟိုဆော့ ဗိုက်ဆာနေသဖြင့်
ဆိုင်တစ်ဆိုင်သို့ ဝင်ခဲ့ကြသည်

"ဒါပြီးရင် hope ဘယ်ကိုသွားချင်သေးလဲ"

"မသွားတော့ဘူး အိမ်ပြန်နားချင်ပြီ အိမ်မှာဦးငယ်တို့လည်း စောင့်နေတော့မယ်"

"အင်း...ကိုယ်က hope ကိုတစ်နေရာခေါ်သွားချင်လို့ လိုက်မယ်မလား"

CAMELLIAWhere stories live. Discover now