(unicode)
ဆော့ဂျင် မနက် အစောကြီးထကာ ရေမိုးချိုးပြီးပြင်ဆင်နေ၏
၉နာရီ ကလေးငယ်ကလာခေါ်မှာမို့ အဆင်သင့်ပြင်ထားရမယ်
တီရှပ် အဖြူရောင် နှင့် ဂျင်းဘောင်းဘီ အပြာရောင်ကို တွဲဖက်ဝတ်လိုက်သည်
တီရှပ်ပေါ်မှာ အင်္ကျီလက်ရှည် အပြာနုရောင်ကို ထပ်ဝတ်ထားသော ဆော့ဂျင်ပုံမှာ လူငယ်ဆန်ဆန်အတော်လေးကြည့်ကောင်းနေ၏အိမ်ရှေ့မှာ ချစ်ရသူရဲ့ ပြိုင်ကားအနီရောင်အသစ်စက်စက် ကလေးဆိုက်ရောက်လာပြီဖြစ်သည်
၉နာရီလို့ပြောပြီး ၁၀နာရီမှရောက်လာတဲ့ ကလေးကိုအပစ်မဆိုရက်
သူနောက်ကျလို့ကိုယ်စိတ်ကောက်လျှင်
သူ့ကိုစိတ်ကောက်ရကောင်းလားဆိုပြီး ပြန်ကောက်နေလိမ့်မည်ကလေးတွေနဲ့တွဲရတာလည်းမလွယ်လှ
"တက် ဦးငယ် သားနည်းနည်းနောက်ကျသွားတယ် ဟီးဟီး"
"ရပါတယ် ကဲ ကလေးငယ်မောင်းတဲ့ကားကို စီးရတော့မှာပေါ့"
"ယုံယုံကြည်ကြည်သာလိုက်ခဲ့ "
ဘေးကထိုင်ခုံမှာလိုက်ပါလာတဲ့ ဆော့ဂျင်ကို ဟိုဆော့ ခိုးခိုးကြည့်မိသည်
အသက်၃၀ကျော်လို့မထင်ရလောက်အောင် နုပျိုလွန်းသည်
လူငယ်ဆန်ဆန်ဝတ်စားထားပုံက အသက် ၂၅လောက်သာထင်ရ၏ဒီလို ရုပ်ရှိရေလျှံဘဲကြီးမျိုးကို ငါရထားတာပဲ
တုန်နေအောင်လည်းအချစ်ခံရသေးတယ်
ငါ့လောက်ကံကောင်းတာငါပဲရှိတယ် ဟဲဟဲကျေကျေနပ်နပ်ကြီး ခိုးကာပြုံးနေတဲ့
ဟိုဆော့အပြုံးကိုတော့ မသိလိုက်ပေတစ်မြို့လုံး ပတ်ကာ ကားကိုမောင်းသည်
ပြိုင်ကား ကိုတရကြမ်းမောင်းတာမို့ ဘေးကနေအပြေးရှောင်ရသူများ၏ ဆဲသံများလည်း ပြည့်လို့ဟိုဆော့ ကတော့ဘာမှကိုမကြားဟန်ဆောင်ကာ ကားကိုသာမောင်းနေသည်
"ကလေးငယ် ကားမောင်းတာကြမ်းလိုက်တာ"
"ဟာ ဦးငယ်ကလည်း ဒါကပြိုင်ကားပဲကို အမြန်မောင်းတာ ဘာဖြစ်လဲ"
"ကဲပါ အခုဗိုက်မဆာဘူးလာ"
"နည်းနည်းတော့ဆာတယ် ဟီးဟီး"
YOU ARE READING
CAMELLIA