(unicode)
"အန်ကယ်လေး ကင်ဆော့ဂျင် ရဲ့တူအရင်း V ဆိုတာကိုယ်ပဲ"
"ကောင်းပြီလေ ဦးငယ်ကိုဖုန်းဆက်မေးကြည့်မယ် မဟုတ်လို့ကတော့ရဲစခန်းပို့ပစ်မယ်"
*ဟောဗျာ စွာလိုက်တာလွန်ရော
"ဟုတ်လို့ကတော့ မင်းကိုဖက်နမ်းပစ်မယ်"
"ဘာပြောတာလဲ"
"ဘာမှမဟုတ်ပါဘူး...ဖုန်းသာဆက်ကြည့်လိုက်"
တော်သေးတာပေါ့ ပါးစပ်ကတိုးတိုးလေးပြောလိုက်လို့ သူသေချာမကြားလိုက်တာ
ဟိုဆော့ ဖုန်းခေါ်တော့ အစည်းဝေးခန်းထဲက ဂျင်မှာ အသည်းအသန် ဖုန်းထွက်ကိုင်တော့သည်
သူ့အဖို့ ဟိုဆော့နဲ့ပတ်သတ်လာရင် ကျန်တဲ့အရာတွေကနောက်မှာသာကျန်ခဲ့စမြဲ"ဦးငယ်...ဒီမှာ..ဦးငယ်ရဲ့တူတဲ့ B ဆိုလားပဲရောက်နေတယ်"
"ဟိတ်ချာတိတ် ကိုယ့်နာမည် V နော် B မဟုတ်ဘူး"
"အင်း..သူပြောသလိုပဲ"
"ထယ်လေးရောက်နေတာပဲ "
ဘေးနားက ထယ်ယောင်း ကဝင်ပြောသည်
"ဟုတ်တယ် အန်ကယ်လေး အမြန်ပြန်လာပါတော့ဗျာ ကျွန်တော်အခုထိအိမ်ထဲမဝင်ရသေးဘူး"
"ဟိုလေး...ထယ်ယောင်း ကိုအိမ်ထဲအရင်ခေါ်ပြီး ဧည့်ခံထားပေး ဒီမှာပြီးတာနဲ့ဦးငယ်တန်းပြန်လာခဲ့မယ်နော်"
"ဟုတ် ဦးငယ်"
ဖုန်းချပြီး တံခါးဖွင့်ပေးလိုက်သည်
"မင်းက အတော်စွာတာလေးပဲ မင်းနာမည်ဘယ်လိုခေါ်လဲ "
"ဂျောင်ဟိုဆော့...ဟာနေပါအုံး..ဘာလို့ပြောပြရမှာလဲ"
"ဟိုဆော့တဲ့လား မင်းကို ဒီနေ့ကစပြီး jhope လို့ခေါ်မယ်"
"ဘာလို့လဲ..."
"ကိုယ်လည်းမသိဘူး မင်းကိုအဲ့လိုခေါ်ချင်တယ် ရမလား"
"ချာတိတ်လို့မခေါ်ရင်ပြီးရော..မင်းနဲ့ငါကအသက်အတူတူလောက်ပဲမို့"
"hopeအသက်ကဘယ်လောက်မို့လဲ"
"နောက်လဆို ၁၈ တောင်ပြည့်တော့မှာ"
YOU ARE READING
CAMELLIA