(unicode)
ကားထဲကိုဝင်လာပြီး မောင်းထွက်သွားတဲ့လူကြောင့် ဟိုဆော့မျက်လုံးပင်ပြူးသွားရသည်
အင်္ကျီအနက်ဘောင်းဘီအနက်နှင့် Mask အနက်ရောင်လည်းတပ်ထားသည့် အပြင်ဦးထုပ်အနက်ရောင်ပါစောင်းထားသေးသည်
"ခဗျား ဘယ်သူလဲ!"
"မင်းသိစရာမလိုဘူး ကောင်လေး ငြိမ်ငြိမ်သာလိုက်ခဲ့"
"ဘာလို့လိုက်ခဲ့ရမှာလဲ ခဗျားကဘာမို့လဲ ကားကိုအခုရပ်လိုက် "
ဟိုဆော့ ပြောနေပေမယ့်ရှေ့ကလူကအရေးမစိုက်
နေမကောင်းတဲ့လူမို့ စကားတွေလည်းအများကြီးမပြောနိုင် ကိုယ်တွေလည်းအပူရှိန်တက်လာတော့သည်ဖုန်းဆက်ပြီး အကူညီတောင်းဖို့ဖုန်းထုတ်ကိုင်လိုက်တော့
ရှေ့ကလူကသေနတ်ကိုထုတ်လျှက်ပြောလာသည်"မင်းဖုန်းကို ငါ့ကိုပေး မဟုတ်ရင်အသက်ပျောက်သွားမယ်"
ဟိုဆော့လက်ထဲမှဖုန်းကိုလှမ်းယူကာ လမ်းဘေးသို့လွှင့်ပစ်လိုက်သည်
ဟိုဆော့တားလိုက်ချိန်ပင်မရ နေလည်းမကောင်းတာကြောင့် မလှုပ်နိုင်တော့ပဲ ဒီတိုင်းသာပါလာတော့သည်
________ဆေးကတစ်မျိုးပဲလိုတာကြောင့် ကားပေါ်ကထွက်ထွက်ချင်း ကားသော့ကိုမယူသွားမိပဲကားထဲသာထားခဲ့သည်
ဆေးဝယ်ဖို့စောင့်နေတုန်း ဟိုဆော့ကိုလှမ်းကြည့်ချိန်မှာ အနက်ရောင်ဝတ်စုံနဲ့လူတစ်ယောက်ကားကိုမောင်းထွက်သွားတာလှမ်းမြင်လိုက်သည်
"ဟဲလို....အန်ကယ်လေး hope လေ hope "
"ဟိုလေး ဘာဖြစ်လို့လဲ ထယ်ယောင်း!!"
"လူ...လူတစ်ယောက် ကားကိုမောင်းသွားတယ် အန်ကယ်လေး ကားထဲမှာ hope ရောပါသွားတယ် ကျွန်တော်က ဆေးခနဆင်းဝယ်တာ အဲ့တာ"
"အာ့ဆိုအခုလိုက်မှဖြစ်မှာပေါ့ ထယ်ယောင်း taxi ငှားပြီး ကားနောက်ကိုလိုက် ဟိုဆော့ဖုန်း location အတိုင်းလိုက်"
"ဟုတ်...ဟုတ်"
ထယ်ယောင်းလည်း အနီးရှိ taxi တစ်စီးငှားပြီး ဟိုဆော့ ဖုန်းရဲ့ location အတိုင်းလိုက်သွားသည်
YOU ARE READING
CAMELLIA