Part 3

522 91 3
                                    

(unicode)

ဒီနေ့ စာမေးပွဲနောက်ဆုံးရက်ဖြစ်တာကြောင့် ကျောင်းသားအားလုံးတက်ကြွနေကြတယ်

အတက်ကြွဆုံးကတော့ ဂျီမင်း နဲ့ ဂျောင်ကုပင်

ဂျောင်ကု က Aခန်းကကောင်မလေးဆီမှာ စာမေးပွဲနောက်ဆုံးရက်နေ့အဖြေရမယ်ဆိုလို့
စာမေးပွဲခန်းထဲကအစောကြီးထွက်ပြီး သူများစာမေးပွဲခန်းရှေ့ကိုသွားစောင့်နေလေရဲ့

ဂျောင်ကု ကအသက် ၁၈နှစ်ပြည့်ရုံပဲရှိသေးတာ
ရည်းစားကတော့ ၁၈ ယောက်မကတော့ပေ
တစ်ယောက်မှအတည်တွဲတယ်ရယ်လို့မရှိ
အခုလည်း Aခန်းကမာနခဲမလေးကို ရအောင်လိုက်ပြမယ်လို့ ကြွားထားခြင်းပင်

ဂျီမင်း ကတော့ ယွန်းဂီကို နားပူနားဆာလုပ်စာမေးပွဲနောက်ဆုံးရက်မို့ လာကြိုခိုင်းထားသည်

စာမေးပွဲကိုအမြန်ဖြေပြီး အခန်းထဲကနေအလောတကြီးထွက်သွားသည်ပင်

ညကြရင် ဘားမှာအောင်ပွဲခံကြမည်ဟုပြောထားသောကြောင့် ထိုနှစ်ယောက်ကို ဟိုဆော့တားမနေ

" ယွန်း ကလည်းဗျာကြာလိုက်တာ "

သူ့ဦးလေးနဲ့ သက်တူရွယ်တူလူတစ်ယောက်ကို ယွန်း လို့သုံးနှုန်းတဲ့ကောင်လေးပင်
ရိုင်းစိုင်းနေလို့လည်းမဟုတ်ပဲ ရင်းနှီးချင်တာကြောင့် ဟိုဆော့ နဲ့ ဂျောင်ကု ခေါ်သလိုဆရာယွန်းလို့မခေါ်ပဲ ယွန်းလို့သာခေါ်သည်

"လမ်းမှာ ကားတွေပိတ်နေလို့ပါ ဂျီမင်းရဲ့"
အနည်းငယ်ပြုံးကာ ပြောလိုက်သောကြောင့် ဂျီမင်း ရဲ့ကောက်ချင်နေတဲ့စိတ်တွေကကြက်ပျောက်ငှက်ပျောက်ပင်

အကယ်၍ ယွန်းဂီကိုနောက်ကြလို့စိတ်ကောက်မည်ဆိုပါလျှင်လည်း
ချော့မည့်ပုံမပေါ်သောကြောင့် အရှက်ကွဲရုံပဲအဖက်တင်လိမ့်မယ်

စိတ်ကောက်ရမယ့် ဆက်ဆံရေးမျိုးလည်းမဟုတ်ဘူးလေ
အခုတောင်မနည်း ပူဆာလို့လာကြိုရခြင်းပင်

*စိတ်ချပါ ယွန်းဂီတစ်နေ့တော့ ကျွန်တော်စိတ်ကောက်တိုင်းချော့ရမယ်ဆက်ဆံရေးမျိုးဖြစ်လာမှာပါ ဟီးဟီး

ဟိုဆော့ တစ်ယောက်တည်းကျန်တော့တာမို့
ဖြေဆိုချိန်သုံးနာရီပြည့်မှ အတန်းထဲကထွက်လာသည်
သုံးနာရီလုံးဖြေနေတာတော့မဟုတ် မှောက်အိပ်နေခြင်းပင်

CAMELLIAWhere stories live. Discover now