Part 16 (final part)

730 62 4
                                        

(unicode)

နမ်ဂျွန်း နှင့် ဆော့ဂျင် တို့ အပိုင် Kim group ကြီး၏ ရှယ်ရာရှင်များ ညစာစားပွဲသို့ ဧည့်သည်များစွာလာရောက်ကြ၏။

အချို့ လုပ်ငန်းရှင်များသည် သူတို့၏သားသမီးများကို ပွဲထုတ်ကြသည်။

ဆော့ဂျင် ကုမ္မဏီမှာ ရှယ်ရာအများဆုံးပါဝင်ထားသူကတော့ ဟိုဆော့၏ အဖေပင်ဖြစ်သည်
ဟိုဆော့နဲ့ ဆော့ဂျင်ကိုသဘောတူရခြင်းမှာ
ဒီရှယ်ရာတွေမျက်နှာကြောင့်လည်းပါ၏

လုပ်ငန်းရှင်တွေတစ်ယောက်ပြီး တစ်ယောက်ဆော့ဂျင်ကိုလာနှုတ်ဆက်ကြ၏။

ဘေးနားက ဟိုဆော့ကတော့ စားပွဲပေါ်ရှိသမျှမုန့်တွေစားကာ ဇိမ်ကြနေသည်။

လူကြီးတွေနဲ့စကားပြောရင်း သူ့ရှဥ့်ပေါက်ကို လှည့်ကြည့်ရတာအမော

ကလေးလိုပါးစပ်မှာပေနေတာကိုလည်း လှမ်းသုတ်ပေးအားသေးသည်

"ဂျင်"

စကပ်ကိုပေါင်လည်လောက်ဝတ်ထားတဲ့အမျိုးသမီးတစ်ဦး
ချပ်ကပ်နေတဲ့ အပေါ်အောက်ဝတ်စုံဟာ ခန္ဓာကိုယ် ကောက်ကြောင်းကိုပို၍ ပေါ်လွင်စေသည်
နှုတ်ခမ်းနီရဲရဲတို့ကိုလည်းဆိုးထားသေးသည်

ချွဲချွဲပျစ်ပျစ်နှင့် ဂျင် ဟုခေါ်လာသောအမျိုးသမီးအား ဟိုဆော့အလိုမကျ

ဦးငယ်ရဲ့မျက်လုံးတွေကို သတိထားမိတယ်
အဲ့အမျိုးသမီးကိုမြင်တော့ မျက်လုံးတွေမတည်ငြိမ်တော့ဘူး
စိတ်လှုပ်ရှားနေဟန်လည်းတူတယ်
သေချာပါတယ် သူက ဦးငယ်ရဲ့ရည်းစားဟောင်းဆိုတဲ့တစ်ယောက်များဖြစ်နေမလား

ထိုအမျိုးသမီးဟာ ဆော့ဂျင် ကိုတစ်ခုခုပြောချင်နေဟန်မို့

"ဟိုလေး ဦးငယ်ကိုခနစောင့်မယ်မလား"

ဪ ကလေးငယ်တောင်မဟုတ်တော့ဘူး ဟိုလေးဖြစ်သွားရပြန်သတဲ့
တစ်ကယ်မုန်းဖို့ကောင်းသည်
ဟိုမိန်းမ မျက်နှာကလည်း ပြန်ပေါင်းထုတ်ချင်နေသလို...

ဟိုဆော့အဖြေကိုမစောင့်ပဲ ပြောကာထိုအမျိုးသမီးနှင့် ထွက်သွား၏။

အမြဲဦးစားပေးခံလာရတဲ့ သူမို့ စိတ်လည်းတိုမိသလို ဝမ်းလည်းနည်းမိသည်

CAMELLIAWhere stories live. Discover now