Part 8

446 67 4
                                    

(unicode)

ကလပ် ရောက်ပြီးမကြာဘူး ဟိုဆော့တို့မူးနေပြီ
မီးရောင်တလက်လက်အောက်က ရောင်စုံလူတွေကြားထဲမှာ ဖင်လုံးလုံးလေးကို ဟိုလှုပ်ဒီလှုပ်နဲ့ကနေတာကတော့ ဟိုဆော့ပါပဲ

ကနေတုန်း ချစ်ဖို့ကောင်းတဲ့ဟိုဆော့ နားကို ဘဲနာကြီးတွေက ကပ်ကပ်လာကြတယ်
ဒါကို ထယ်ယောင်း ကဘေးကနေလိုက်ပြီးကာကွယ်ပေးရတယ်
ဟိုဆော့က တော့လွတ်လွတ်လပ်လပ်ကနေလေရဲ့
ထယ်ယောင်း ကတော့ ဟိုဆော့နားလာကပ်သမျှလူတွေကို ကာပေးလိုက်မောင်းထုတ်လိုက်နှင့် ကလေးထိန်းနေရသည်

ဂျင်ကတော့ အကြည့်တွေကိုသူတို့ဆီကမခွာ

ကလေးငယ် နားကိုကပ်လာသမျှလူတွေကို ကိုယ်တိုင်ဆွဲထိုးချင်ပေမယ့်
ကိုယ့်အစား ထယ်ယောင်းက ကာကွယ်ပေးနေတယ်
ကလေးငယ်ဟာ ထယ်ယောင်းနဲ့ရှိတဲ့အချိန်တိုင်း ဟန်ဆောင်မှုမရှိ ပြုံးပျော်နေတတ်တယ်
ကလေးငယ်ဟာ ထယ်ယောင်းလိုငယ်ရွယ်ချောမောတဲ့လူမျိုးနဲ့သာထိုက်တန်ပါတယ်

ဦးလေးအရွယ်လူတစ်ယောက်ကို ဘယ်နည်းနဲ့ချစ်နိုင်ပါ့မလဲ

သို့ပေမယ့် ကိုယ်တိုင်တောင်မခူးရက်တဲ့ ပန်းလေးကိုသူများခူးမှာသိပ်ကြောက်သလို
အရိပ်တကြည့်ကြည့်စောင့်ရှောက်ထားရတဲ့ ကလေးငယ် ကို တစ်ခြားလူကပိုင်ဆိုင်သွားမှာ သိပ်ကြောက်တယ်

ဒါဟာ မြတ်နိုးလွန်းလို့ဖြစ်ပေါ်လာတဲ့ အတ္တသေးသေးလေး

ဂျီမင်း ကတော့မူးပြီးသာမှောက်နေတော့သည်
အရင်လိုထလည်းမကနိုင်တော့ သွားပြီးကပြန်ရင်လည်း ယွန်းဂီ ကခွင့်ပြုမယ်မထင်ဘူး..

မှောက်နေတဲ့ဂျီမင်း ကိုသာ ကျောလေးပုတ်ပေးရင်း အေးဆေးထိုင်သောက်နေတဲ့ယွန်းဂီပင်

"ဆော့ဂျင်  မင်းအရမ်းချစ်မိနေပြီလား"

"ဟမ် ဘာကို"

"မင်းမျက်လုံးတွေကို ငါသိပါတယ်
အစကတော့သတိထားမိပေမယ့် သာမန်သဘောကျတာလောက်ပဲတွေးခဲ့တာ "

"ဟုတ်တယ်ကွာ  ငါ ကလေးငယ်ကို သိပ်ချစ်နေမိပြီထင်တယ်....ထင်တာမဟုတ်ဘူး ဟုတ်ကိုဟုတ်နေတာ"

CAMELLIAWhere stories live. Discover now