Part 5

486 67 7
                                    

ဒီလိုနဲ့.ပဲဆက်သွားနေတာ တစ်လကျော်ပြီ...
ဟိုဆော့ ဘေးနားကနေအရိပ်တကြည့်ကြည့်စောင့်ရှောက်ရင်းသာနေလာခဲ့သည်

ဟိုဆော့ ကလည်း ဆော့ဂျင် ကိုခင်တွယ်လာသည်

ဆော့ဂျင်က ဟိုဆော့ကိုအလိုလိုက်တယတစ်ခါတစ်လေကောင်းစေချင်လို့ပြောတဲ့စကားတွေကိုတောင် ဆူတယ်ထင်လို့ သူ့မှာအလုပ်မအားတဲ့ကြားက လိုက်ပြီးချော့ရသေးတာ

သူဖြစ်တဲ့ရန်ပွဲတွေကိုလည်း လိုက်ဖြေရှင်းရင်း
တစ်ခါတစ်ရံကိုယ်ကပါ ရန်ပွဲထဲဝင်ပါမိသေးတာ
မကြီးမငယ်နဲ့ ကလေးတွေနဲ့ရန်ဖြစ်ရတာလည်း ရှက်ဖို့ကောင်းပေမယ့် ကလေးငယ်ကိုထိပါးလာရင်တော့ အေးဆေးဖြေရှင်းမရလျှင် အကြမ်းနည်းသာသုံးပစ်သည်

"ဦးလေးကြီး...ဦးလေးကြီး...
ဦးလေးကြီး ကင်မ်ဆော့ဂျင်!"

ခြံတံခါးကို တဒုန်းဒုန်းထုနေတဲ့ဟိုဆော့ပင်...

မျက်နှာကလည်းမကောင်း ဒေါသထွက်နေတဲ့စိတ်နဲ့အတူ ဝမ်းနည်းနေတဲ့မျက်လုံးတွေနဲ့

"ဟိုလေး... ဘာဖြစ်လာတာလည်းဟင် ဒီချိန်ကြီးမှလာရလား"

"ဦးလေးကြီး"

ခြံတခါးဖွင့်ပေးလိုက်တော့ သူ့ကိုပြေးဖက်ပြီး ငိုနေတဲ့ဟိုလေး

သူငိုနေရင်ကိုယ်ပါရင်တွေနာရတယ်လေ..

ကျောလေးကိုပုတ်ပေးကာဖြင့်

"ဟိုလေး...ဘာဖြစ်လာတာလည်း ဦးကိုပြောပြ"

သူ့ကိုမပြောပြပဲ ငိုသာငိုနေသည်...
ဟိုဆော့ ငိုတာကိုပထမဆုံးမြင်ရခြင်းပင်

အမြဲပြုံးနေတဲ့ကောင်လေးက ငိုတာနဲ့မလိုက်ပေမယ့် တစ်မျိုးချစ်ဖို့ကောင်းနေပြန်သည်

"အိမ်ထဲဝင်ရအောင် နော်အပြင်မှာအေးတယ်"

သူ့ကိုနွေးနေအောင် စောင်လေးပတ်ထားပေးလိုက်သည်
ကိုယ်ဖျော်ပေးတဲ့ကော်ဖီပူပူလေး ကိုလည်း
တဖူးဖူးမှုတ်ကာ သောက်နေသေးသည်

"ကဲ...ဦးကို ပြောလို့ရပြီလားဟိုလေးဘာဖြစ်ခဲ့လဲဆိုတာ"

"ဖေကြီး ဆူလို့"

CAMELLIAWhere stories live. Discover now