"အင်း ရူးနေတာ
မင်းကိုချစ်လို့ရူးနေတာ လွန်ခဲ့တဲ့၈နှစ်တည်းကပဲ""ဖယ်ပေး
မင်း..မင်း သူငယ်ချင်းချင်းအသားယူတယ်"ကျွန်တော်ရင်ဘက်ကိုထုကာ တွန်းထုတ်လာသည့်
သူ့လက်တစုံနှင့်အနည်းငယ်စူးနစ်နေသောအော်သံသေးသေးလေးတခု"ချစ်တယ်ဆိုတဲ့ခံစားချက်ရှိနေတဲ့ ငါတို့နှစ်ယောက်လုံးက
သူငယ်ချင်းဆက်လုပ်ဖို့ဖြစ်နိုင်ဘူး seokjin"ကျွန်တော်လက်ကောက်ဝတ်နေရာမှ
ကားစက်ဖုံးအပေါ်ထောက်ချကာ
သူ့အပေါ်အုပ်မိုးလိုက်တော့"မင်းထင်မြင်ချက်တွေနဲ့ ရမ်းပြောမနေနဲ့
အဆုံးသတ်မှာ အကုန်အပြတ်ပြတ်နဲ့နှာခေါင်းသွေးထွက်ကုန်မှာ"သူဟာပြောလည်းပြော ငိုမဲ့မဲ့လည်းဖြစ်လာတော့သည်
သူငယ်ချင်းမလုပ်ဘူးလို့ပြောလိုက်မိလို့များဝမ်းနည်းသွာတာလားကျွန်တော်မသိ
ထောက်ထားသည့်ကျွန်တော်လက်များပင်
အားပျော့လာဟန်မျက်တောင်ပုတ်ခတ်ခတ်လုပ်ကာ
မျက်ဝန်းညိုများထဲမှစိုလဲ့နေသောမျက်ရည်စတို့ဟာ
ကျွန်တော့်ကမ္ဘာပြိုလဲဖို့ အမြဲလုံလောက်ခဲ့တာအိပ်ချင်ယောင်ယောင်ဆောင်တဲ့သူဟာနှိုးရခက်တယ်တဲ့
နိုးလာပြီးသူအငိုမရပ်မှာကိုကျွန်တော်ကပိုစိုးရိမ်နေမိတော့ပိုခက်ပါရောလား"ဆောရီး ဆောရီး
မင်းမကြိုက်ရင်မပြောတော့ပါဘူး
မင်းအဆင်သင့်ဖြစ်လာတဲ့ချိန်ထိပေါ့"ပြောပြောနဲ့ သူ့ကိုရင်ခွင်ထဲဆွဲသိမ်းပြီးသိုင်းဖက်ထားလိုက်မိသေးတာ
သူဟာကျွန်တော်ကိုစိတ်ဆိုးသွားပြီလား
သို့သော် ရင်ခွင်ထဲကတော့ရုန်းမထွက်ခဲ့
ကျွန်တော့်လက်မောင်းနှင့်ရင်ခွင်ကြားမှာ
ငိုမဲ့မဲ့ကလေးငယ်ဟာ ငြိမ်သက်စွာကျွန်တော်နားလည်သည်
သူငိုတိုင်းလည်း ပုန်းစရာကဒီရင်ခွင်ပဲရှိနေတာမလား
YOU ARE READING
AUTUMN BREEZE (✔️)
Fanfictionဒီစည်းကိုသာဖြတ်ခဲ့ဖို့ခေါင်းတချက်ညိတ်လှည့်ပါ ဆောင်လေပြေအေးတွေကြားတောင် နွေးသိမ့်စေရပါမယ် (💜 KookJin 💜) started date - 12th April/2022 end date-3rd May/2022