6.🍂

1.6K 196 12
                                    


"တီတီ"

ဖေဖေပို့လာသည့် fileနှငိ့စာရင်းများကို gmailမှတဆင့်စစ်ဆေးနေရင်း
Jessicaထံမှဖုန်းကောတခုဝင်လာတော့

"အေး ပြော"

"ဘာပြောလဲ ထုံးစံအတိုင်းနင့်seokjinမူးနေပြီ"

ခက်ပါရော့လား~~ကြိမ်းထားတဲ့တိုင်းသောက်နေပြီပေါ့
ကျွန်တော်ရောက်သွားတော့
ထူးထူးဆန်းဆန်းသူမမှောက်သေးဘူး
ထီထိုးယူရမယ်ဗျာ

ကျွန်တော့်သူ့ဘေးနားဝင်ထိုင်လိုက်တော့
ရီဝေစပြုနေသောမျက်လုံးတစုံကိုခပ်မှေးမှေးလုပ်ကာကြည့်လာသည်

"ဟော အသည်းကွဲသမားလေးဂျောင်ကုရှီရောက်ပြီပဲ"

မှေးထားသောမျက်လုံးတစုံနှင့်အတူ
နှုတ်ခမ်းကိုပါအနည်းငယ်ထော်ထားသည့်ဟန်လုပ်ပြနေသည်
သိလိုက်ပါပြီ ...ဒါသပ်သပ်ကျွန်တော့်ကိုရွဲ့နေတာ

"ဘာတွေထူးထူးဆန်းဆန်းဖြစ်လာပြန်ပြီလဲ
နင်တို့နှစ်ကောင်"

Jessica ကအနည်းငယ်နားမလည်ဟန်နှငိ့
ကျွန်တော်ရောသူရောထံအမြန်မျက်စိကစားရင်းမေးလာသည်

"အာကူးကူးကူး..
ဂျောင်ကုကီးလေးက crushကိုဖွင့်မပြောရဲဖြစ်နေတာလေ"

ကျွန်တော်တဆုံးပြုံးမိလိုက်သည်
ဒီလူသားလေးရဲ့ ချစ်ဖို့ကောင်းမှုမှာအဆုံးမဲ့

ဒီလိုရစ်နေပြီဆိုဒီကိစ္စကိုသူခေါင်းထဲရှိနေသေးသည်ဆိုတဲ့သဘောပင်

Jessica ကမျက်စပစ်ကာကျွန်တော့်ကိုမေးလာတော့
ကျွန်တော်လက်ကာပြရသည်
တဖက်ကလည်းသဘောပေါက်သွားဟန်တူသည်

"အေးပါဆိုစမ်းပါဦး အဲ့JKဘယ်သူ့ကြိုက်နေတုန်း"

"နင်သိရင်အံ့ဩသွားမှာနော် ကြိုက်နေတာ၈နှစ်တောင်တဲ့"

ပလုံးပထွေးအသံများဖြင့်Jessicaကိုသူပြောပြနေတာ

မီးပုံပွဲလေးမှာမေးတဲ့အကြောင်း
ကျွန်တော်ဘယ်လိုဆိုတဲ့အကြောင်းတွေကို ရိုက်မမေးပဲတရစတ်ဖောက်သည်ချနေသောသူ့ကိုမေးထောက်ရင်းသာကျွန်တော်ငေးနေမိသည်

သူ့နှုတ်မှမေးထားခဲ့သောကျွန်တော့်နားတွင်ရှိဖူးသည့်ထိုမိန်းကလေးနှစ်ယောက်နာမည်များကိုတော့သူထုတ်မပြောလာ။ seokjin ကကျွန်တော့ကိုမသိမသာသဝန်တိုတတ်သည်

AUTUMN BREEZE  (✔️)Where stories live. Discover now