"အ ခေါင်းခေါင်း"ပြတင်းပေါက်မှတဆင့်မျက်နှာပေါ်ဖြာကနဲကျလာသောအလင်းရောင်ကြောင့်
ကျွန်တော်နိုးလာခဲ့တော့သည်
ထဖို့ကြိုးစားတော့ တခုခုဖိထားသလိုခေါင်းကထိုးပြီးမူးလာတော့တာပဲ
တကိုယ်လုံးလည်းကိုင်ရိုက်ထားသည့်အတိုင်းပင်ကျွန်တော်မှတ်မိသလောက်ဆို
မနေ့ညကbarမှာ မှောက်သွားခဲ့တာနောက်သူရောက်လာပြီး
ကျွန်တော့်ကိုအခန်းထဲထိတွဲပို့ပေးတာတွေက
အတွေးထဲမှာခပ်ရေးရေးပေါ်လာသည်"နိုးလာပြီလား ငမူး"
အခန်းထဲသို့ ပွစိစိလုပ်ကာဝင်လာတော့သည်
ပါးစပ်ကလည်းတခုခုစားနေဟန်
ပါးဖောင်းဖောင်းလေး၂ဖက်မှာ လှုပ်စိစိနှင့်"ငါ့ခေါင်းကတအားထိုးနေတာရော...
မနေ့ညကမူးပြီးရန်တွေဘာတွေများဖြစ်ခဲ့ကြသေးတာလား"ကျွန်တော်ခေါင်းကိုဖိလျက်မေးလိုက်မိတော့
"ဘယ်နားကရန်ဖြစ်...
ပေါက်ပေါက်ရှာရှာတွေ မင်းတမူးသောက်ပြီးမှောက်သွားတာ
မှောက်ပြီးနောက်ရက်ဆိုခေါင်းတော့ကိုက်မှာပဲကို""ဒါဆိုမင်းရောအရင်ကအမြဲဒီလိုခေါင်းကိုက်နေခဲ့တာလား
ကိုယ်တွေလက်တွေရောဒီလိုနာကျင်နေတာလား"ကျွန်တော်အတွေးထဲပထမရောက်လာသည်ကသူ
ငမူးလေးကအမြဲဒီလိုတွေခံစားနေခဲ့ရတာလားနောက်ဆိုလျော့သောက်ဖို့ပြောရတော့မှာပဲ
ဒီလိုနာကျင်မှုသေးသေးလေးတောင်မခံစားစေချင်တာအမှန်ပင်"ငါက pro လေ မင်းလိုမူကြိုကျောင်းအဆင့်ငမူးမဟုတ်တော့ဘူး
ထ ထ အောက်မှာထမင်းလာစား"လက်ထဲကအသင့်ယူလာသောနို့တခွက်ကို
ကုတင်နားကစားပွဲပေါ်သူလာတင်ပေးသေးတာသူဟာမကြိုက်တဲ့ရှန်ပိန်တွေကို
ထိုသူနဲ့တောင်အတူသောက်နိုင်နေတာစဉ်းစားမိပြီးပိုတောင်မူးပစ်ချင်လိုက်မိသည်
အသိစိတ်မရှိတာကပိုကောင်းတယ်မဟုတ်လားစဉ်းစားလေနာကျင်လေ
ပိုချစ်လေပင်ပန်းရလေပဲညကရောရှန်ပိန်ကြောင့်
သူရင်ထဲတစ်ဆို့ဆို့ဖြစ်ခဲ့သေးလား
ကျွန်တော်မူးမှောက်သွားတော့
သူနေရအဆင်ပြေခဲ့ရဲ့လားတောင်မသိ
YOU ARE READING
AUTUMN BREEZE (✔️)
Fanficဒီစည်းကိုသာဖြတ်ခဲ့ဖို့ခေါင်းတချက်ညိတ်လှည့်ပါ ဆောင်လေပြေအေးတွေကြားတောင် နွေးသိမ့်စေရပါမယ် (💜 KookJin 💜) started date - 12th April/2022 end date-3rd May/2022