WAY Kim ကိုupတာဘယ်လိုလုပ် 16ကိုမှားဖျက်မိသွားလဲမသိပါဘူး အားရိုး🥹 အတော်ပြန်စဉ်းစားလိုက်ရတယ်
15မှာပဲပြန်ပေါင်းထည့်ပေးထားပါတယ်နော်
အစကနည်းနည်းပြန်ရေးလိုက်ရပေမယ့် တူတူပါပဲဗျို့
မီးယားနဲယော——🍂🍂—-
ဒွီဒွီ...."နင်တို့ဘာတွေဖြစ်လာပြန်ပြီလဲ
ဒီမှာ seokjin မူးနေပြီ"ဖုန်းကိုင်လိုက်တာနှင့် Jessicaရဲ့
ပိတ်ဟောက်လာသံဟာလွင့်ထွက်မတတ်ပင်"အေး အေး လာပြီ ခုလာပြီ"
"Jeon Jungkook က သဝေတွေထိုးနေတတ်ပြီ
တနေကုန်လည်းဘယ်သွားမယ်တောင်မပြောဘူး"ကျွန်တော်ရောက်သွားတော့ ငမူးလေးက
ရေချိန်ကိုက်စပြုနေပါပြီလား
အသံတို့မှာ မပီကလာပီကလာနှင့်ဖြစ်ကာ
လေးပင်ပင်သံတော့မပေါက်သေးချေ"အလုပ်သွားတာလေ ရစ်လုံးလေးကလည်း"
ကျွန်တော်ဘေးတွင်ဝင်လည်းထိုင်ရင်း
ခွက်ကိုအဝေးတွန်းကာ လက်ကိုအသာယာဖမ်းကိုင်လိုက်မိတော့"မင်းရုံးခန်းကိုငါရောက်တယ် ဟေ့ကောင်
ဖြီးမယ်မကြံနဲ့"သေစမ်း ဂျာကြီးကလည်းသူလာတာဘာသတင်းမှမပို့ဘူး တွေ့ဦးမယ်
စဉ်းစားစဉ်းစား တခုခုယုတ္တိရှိတာပြောဖို့အကြံဥာဏ်တွေ ထွက်စမ်းပါကွာခေါင်းကိုခပ်မြန်မြန်ကုတ်ပြီး စပ်ဖြဲဖြဲလုပ်ပြမိတော့
လက်ကောက်ကောက်လေးတွေမှာ ဗိုက်သားတွေဆီသို့"လိမ်ရင် ဗိုက်ကြောပြတ်မယ် ပြောခု"
"ကိစ္စလေးတခုရှိလို့ပါကွာ
လာပါ အိမ်ပြန်ရအောင် ဆက်မသောက်နဲ့တော့
မူးနေပြီမလား"မျက်စောင်းတချက်ကစ်ကာ
ကျွန်တော်ပေါင်ကိုရိုက်လိုက်သည်မှာ ဖျတ်ခနဲ"seokjin တခွက်ပဲဝင်ထားသေးတာ
မြန်မြန်ခေါ်သွားတော့"Jessica ကနားမလည်ဟန်ဖြစ်နေသောကြောင့်
ကျွန်တော့်လက်သူကြွယ်ကိုလက်ညှိုးနှင့်ညွှန်ပြတော့
သူမကပါးစပ်ကိုလက်အစုံဖြင့်အမြန်အုပ်လိုက်ရင်း
ခေါင်းကို၃ ၄ ချက်ခပ်သွက်သွက်ညိတ်သည်

YOU ARE READING
AUTUMN BREEZE (✔️)
Fanficဒီစည်းကိုသာဖြတ်ခဲ့ဖို့ခေါင်းတချက်ညိတ်လှည့်ပါ ဆောင်လေပြေအေးတွေကြားတောင် နွေးသိမ့်စေရပါမယ် (💜 KookJin 💜) started date - 12th April/2022 end date-3rd May/2022