"ငါတကယ်ပဲဟိုခြံမှာပြောင်းနေသင့်ပြီထင်တယ်
ဒီနေ့လည်းရုံးနောက်ကျတော့မှာပဲ"seokjin ဟာထုံးစံအတိုင်းပင်
အိပ်ရာနိုးတာနောက်ကျနေပြန်ပြီမလား
ခုတောင်သူဖုန်းဆက်နိုးလို့ကျွန်တော်နိုးလာတာ
မဟုတ်ရင်မလွယ်ကြောကျွန်တော့်စကားကြောင့်ဖုန်းထဲကJungKookကရယ်သည်
"ခုသာမှီအောင်ထသွားဦး
မနက်စာကိုမစားပဲမနေနဲ့ဦးနော်""အိုကေဆရာသမား"
ကျွန်တော့်အပြောကြောင့်သူဟာရယ်မောရင်း
ဖုန်းချသွားသည်ပြောသာပြောရတာ
အကျီတောင်ရှိတာတခုခုကိုသာ
အမြန်ကောက်စွပ်ပြေးရတော့မှာ seokjin အသိဆုံးပင်>>>
ရုံးခန်းစားပွဲရှေ့ထိုင်လိုက်တာ ဖင်တောင်မပူလိုက်"Kim seokjin ဆိုတာဒီကလားမသိဘူးခင်ဗျ"
အပေါက်ဝမှာတွေ့ရသူမှာ ပစ္စည်းပို့တဲ့သူပုံစံပါပဲ
seokjin လက်တထောင်ထောင်နှင့်
အပြေးသွားကာ ပစ္စည်းလက်ခံလိုက်ရသော်လည်း
စိတ်ထဲတွင် နားမလည်ချေ
ဘာမှလည်းမဝယ်ထားမိဘူးမလားကျွတ်ကျွတ်အိတ်တခုထဲမှာတော့
ကော်ဖီ၂ခွက်နဲ့ပေါင်မုန့်လေးတွေ၄ ၅ခုရယ်
နောက်ပြီးဘူးကြီး၁ဘူးကိုတော့
လက်ကပဲပိုက်လာတော့တာတွီတွီ
*မနက်စာကိုမစားဖြစ်ဘူးထင်လို့ပို့ပေးလိုက်တာ
ကော်ဖီက၁ခွက်ကcaffeineလျော့ထားတာ
နောက်တခွက်ကတော့ပုံမှန်ပဲဒေါင့်စေ့လွန်းသောကောင်လေးစီကmsgလေး
အဆုံးမှာလည်းအသည်းပုံemojiလေး၂ခုနဲ့ရယ်အားနည်းတတ်သောဖြူဖျော့ဖျော့seokjinဟာ caffeineဓာတ်များရင် တုန်ယင်တတ်သော်လည်း
မနက်မို့အိပ်ချင်ပြီးအလုပ်မှာအာရုံမစိုက်နိုင်မှာကိုလည်းသူကသိသည်ဘူးလေးထဲဖွင့်လိုက်တော့ အိမ်တွင်းစီးပန်းရောင်မွေးပွဖိနပ်လေးတရံဟာ ထည်ထည်ဝါဝါ
ဒါရုံးစားပွဲမှာထိုင်တဲ့အချိန်တွင် စီးဖို့ပင်ဖြစ်လိမ့်မည်ဘူးထဲကဖိနပ်ကိုထုတ်ကာစီးကြည့်တော့ကွက်တိပဲမို့
ကျွန်တော့်အပြုံးတို့ဟာရုံးခန်းလေထုတခုလုံးထဲပျော်ဝင်ပျံနှံ့သွားသည်ထင်သည်

YOU ARE READING
AUTUMN BREEZE (✔️)
Fanfictionဒီစည်းကိုသာဖြတ်ခဲ့ဖို့ခေါင်းတချက်ညိတ်လှည့်ပါ ဆောင်လေပြေအေးတွေကြားတောင် နွေးသိမ့်စေရပါမယ် (💜 KookJin 💜) started date - 12th April/2022 end date-3rd May/2022