လူတယောက်ရဲ့အတွေးခေါ်တွေကို
ပြောင်းလဲဖို့အတော်ခက်ခဲတယ်ထင်ပါရဲ့ဒါမှမဟုတ်သူ့ဘက်ကအစွဲကိုချွတ်ဖို့အတွက်
ဆယ်စုနှစ်တခုစာအချစ်တွေကပဲမလုံလောက်ခဲ့တာလားခုလည်း ကျွန်တော့်အပြောကိုသူဟာတုန့်ပြန်ခြင်းမရှိပဲ
တဖက်သို့လှည့်ကာ အိပ်နေဟန်အရှုံးပေးလိုက်တာတော့မဟုတ်ပေမယ့်
ဆက်တော့မကြိုးစားသင့်တော့ဘူး
အတင်းအကြပ်လုပ်ယူပြီးလည်း
သူ့ကိုမပင်ပန်းစေချင်ဘူးရယ်အင်း အချိန်တခု
ဘယ်လောက်ထပ်ကြာမယ်မသိတဲ့ဒီအိမ်မက်ရှည်ကြီးကိုပဲဆက်မက်ရတာပေါ့လေတတိယလူဆိုတာမရှိခင်အထိတော့
ငါရှိနေမယ်seokjinမင်းရဲ့ရွေးချယ်ဆုံးဖြတ်မှုတိုင်းကိုလည်း
ငါလေးစားပြီးလက်ခံမှာပါ
မင်းအပေါ်မုန်းသွားတာမျိုးတွေမရှိစေရပဲနဲ့ပေါ့——🐰🐹——
ကံတရားကကျွန်တော် seokjin ဘက်မှာတခါတော့ရှိနေတတ်တာ
ကျွန်တော်တို့ရိုက်ကူးထားတဲ့showဟာ ပထမအပိုင်းထုတ်လွင့်ပြီးတည်းကကြည့်ရှုသူအတော်များသည်teamထဲကလူတိုင်းကလည်းပျော်နေကြတော့တာ
ကျွန်တော်တို့design teamအစည်းဝေးခေါ်ဖြစ်ကြတော့ producer nim က
"seokjinကိုဒီနေ့ကစပြီး design team အတွက် fixed positionကမ်းလှမ်းချင်ပါတယ်
လက်ခံနိုင်မလားခင်ဗျာ"ကျွန်တော်မျက်ဝန်းအိမ်တို့ဟာစိုစွတ်လို့သွားတော့သည်
ခေါင်းကိုလည်း၃ ၄ ချက်အမြန်ညိတ်ပြီး"ဟုတ်ကဲ့ ကျွန်တော့်ဘက်အကောင်းဆုံးကြိုးစားပါ့မယ်"
အစည်းဝေးပြီးတာနဲ့
ကျွန်တော်လက်တွေဟာအလိုလို
ခေါ်နေကျဖုန်းနံပါတ်လေးဆီသို့ပျော်စရာစိတ်ညစ်စရာအားလုံကို
သူ့ကိုပဲ ပထမဆုံးပြောပြချင်မိတာseoulကိုရောက်လာတည်းက
အမြဲကိုယ့်အားကိုယ်ကိုးခဲ့ရတဲ့ကျွန်တော်က
သူရှေ့မှာဆိုပြိုလဲချင်ပျော့ညံ့ပြချင်ခဲ့တာ
သူ့ဟာအမြဲကျွန်တော့်ရဲ့အားကိုးရာအသိုက်မြုံတခု
![](https://img.wattpad.com/cover/307365205-288-k564270.jpg)
YOU ARE READING
AUTUMN BREEZE (✔️)
Fanfictionဒီစည်းကိုသာဖြတ်ခဲ့ဖို့ခေါင်းတချက်ညိတ်လှည့်ပါ ဆောင်လေပြေအေးတွေကြားတောင် နွေးသိမ့်စေရပါမယ် (💜 KookJin 💜) started date - 12th April/2022 end date-3rd May/2022