🐹Seokjin's POV🐹
———————————ရုပ်လုံးပေါ်လာတဲ့အိမ်မက်ငယ်တခု
ဧည့်ခန်းထဲကခိုးခစ်ခစ်ရယ်သံလေးတွေ
ထမင်းစားစားပွဲပေါ်ကထပ်တိုးလာတဲ့ပန်းကန်သေးလေး
ဖြန့်ကြဲထားတဲ့ကစားစရာလေးတွေဟာဟိုတခုဒီတခုပန်းပင်တွေအပြည့်စိုက်ထားတဲ့ခြံလမ်းရှည်တလျောက် ကျွန်တော်တို့အနမ်းတွေခြွေတိုင်း
လက်သေးသေးလေးကJeonရဲ့အကျီစကိုလာဆွဲကာ"daddy" တဲ့လေ
Seolလေးကတကယ်ပဲသူ့ကိုပိုခင်တွယ်သည်ဟုထင်သည်
အလိုလိုက်ထားတာလည်းမသိမသာရော သိသိသာသာပင်Seolလေးဟာ ညအိပ်မပျော်လို့ဆိုပြီးမျက်လုံးလေးပွတ်ကာပွတ်ကာနဲ့ နှစ်ယောက်ကြားဝင်တိုးတတ်သေးတာ
ဆွဲလာသောခေါင်းအုံးသေးသေးလေးဟာတရွတ်တိုက်လျက်ပင်မူကြိုကျောင်းထဲဝင်ခါနီးတိုင်းလည်း ပါးကိုနမ်းတတ်သေးတာ ပြီးရင်ရှက်ပြီးတဆုံးပြေးတော့တာပဲ
သူနဲ့ကျွန်တော်ကပဲသဘောကျကျန်ခဲ့ရတာမှာပြုံးပြုံးကြီးအိမ်ပြန်ချိန်တွေဟာကျွန်တော်နှစ်ဦးရဲ့စကားသံတွေအနမ်းဖွဖွရယ်တွေနဲ့နေသားကျခဲ့တာ
တွဲလာတဲ့လက်သေးသေးလေးတွေနဲ့ထပ်တိုးခိုးခိုးခစ်ခစ်အသံလေးတွေပါခုတော့ထပ်တိုးအားဖြည့်နေပြီ
ခြံပတ်လမ်းမှထင်နေသောကျွန်တော်တို့အရိပ်နှစ်ခုနဲ့ထပ်တိုးအရိပ်ပုတုလေး၁ခုဟာလည်းတသားတည်း>>>
"daddy အိမ်စာမလုပ်ရင်ဘာဖြစ်မှာလဲ"သူ့ပေါင်ပေါ်မှseolလေးဟာအသံဆာဆာဖြင့်စျေးဆစ်လာတော့
"အိမ်စာမလုပ်ရင်စာမရပဲနေမှာပေါ့ စာမရရင်စာမေးပွဲဖြေခါနီးတိုင်းစိတ်ညစ်ရမှာ"
"ဒါဆိုစာမေးပွဲမဖြေဘူး daddy"
ကျွန်တော်ဟာထိန်းမထားနိုင်တော့ပဲအော်ဟစ်ရယ်မိသည် တကယ်ပဲကျွန်တော့်ကိုယ်ပွါးလေးရယ်
ကျောင်းတုန်းကဆိုစာကလွဲအကုန်လုပ်ခဲ့တာပဲမလား"ဖအေတူပဲ ကလေးက"
သူလည်းကျွန်တော်စဉ်းစားသလိုအတွေးဝင်နေချေပြီ
ကျွန်တော့်ထံတချက်ကြည့်ကာရယ်ကျဲကျဲပြောသည်
နောက်ပြီးနည်းနည်းစချင်နေတဲ့ဟန်ပန်မို့
YOU ARE READING
AUTUMN BREEZE (✔️)
Fanficဒီစည်းကိုသာဖြတ်ခဲ့ဖို့ခေါင်းတချက်ညိတ်လှည့်ပါ ဆောင်လေပြေအေးတွေကြားတောင် နွေးသိမ့်စေရပါမယ် (💜 KookJin 💜) started date - 12th April/2022 end date-3rd May/2022