ကွန်ပျူတာတလုံးရယ် ဖိုင်တွဲတွေကတထပ်လိုက်ရယ်ကြားခေါင်းနစ်နေတာကJungKookနာရီကြည့်ဖို့မေ့ထားမိတဲ့အထိပင်ဖြစ်သည်
မှန်အပြည့်ကာထားတဲ့ရုံးခန်းပြတင်းကနေတောင်
ကြည့်ဖို့မေ့နေခဲ့တဲ့ပတ်ဝန်းကျင်စိမ်းစိမ်းစိုစိုကပြက်ရယ်ပြုနေမလားရယ် ။ရုံးခန်းတံခါးကအားနဲ့တွန်းဖွင့်ရတာကျွီကနဲ
မျက်လုံးကိုတင်းတင်းဖိမှိတ်ပြီး
နားထင်ကိုလက်ချောင်းတို့ဖြင့်ထိုးနှိပ်နေမိလိုက်ရာကနေ
အပြုံးရိပ်ကရေးရေးမျက်နှာပေါ်သန်းလာတော့သည်"Yeobo ထမင်းစားဖို့လာတာလား
အလုပ်တွေများနေတာ
ပေါင်ပေါ်လာထိုင်ပါဦးကလေးရဲ့ "Seokjin ရဲ့မျက်နှာကသုန်မှုန်နေသလိုလိုရှိသည်
ဖီးသပ်ထားသောဆံချဘ်မျှင်တို့ဟာတော့
ဝတ်ထားတဲ့ရှပ်အကျီဖြူလေးနဲ့လိုက်ဖက်စွာ လွင်လွင်လေးလှသည်"Seol တို့ကျောင်းမှာရန်ဖြစ်လို့တဲ့
လက်ပါလိုက်တာတဖက်ကလေးဒဏ်ရာရသွားတယ်ပြောတယ်"JungKook ဖတ်လက်စဖိုင်ကိုစားပွဲပေါ်ပစ်တင်သည်
ကုတ်အကျီကိုချိတ်တိုင်မှဖြုတ်ပြီး
တေးတေးလေးရပ်နေတဲ့အဖြူလွလွလေးနားကိုအရင်သွားမိတာ"အဆင်ပြေမှာပါ
ကိုယ်တို့ကျောင်းကိုလိုက်သွားတာပေါ့
ကိုယ်ရှိနေတာပဲ"လက်နှစ်ဖက်ကိုစုပ်ကိုင်လိုက်တာတောင်
မျက်နှာလေးကညှိုးနေသေးသည်
ပါးကိုဖွဖွအနမ်းခြွေတော့မှ ပါးမို့လေးကပင့်တက်သွားသည်
စိတ်သက်သာသွားသည့်အပြုံးကြောင့်
ကျွန်တော်ပါစိတ်အေးသွားရသည်>>>>
ကော်ရီတာအရှည်ကြီးထောင့်ဆုံးနားကအခန်းဟာ ကျောင်းအုပ်ရုံးခန်းပင်
လွန်ခဲ့သောဆယ်နှစ်ကျော်လောက်က
လက်ကောက်ဝတ်ကျဉ်ကျဉ်လေးကိုစုပ်ကိုင်ပြီး
ထွက်လာခဲ့ဖူးတာကိုသတိရမိသေးသည်
ပြကတိန်တွေပြောင်းချိတ်ခဲ့ပေမယ့်
တွယ်ချိတ်မိတဲ့ကြိုးနီလေးကမြဲနေသေးတာဟာ
ရင်ထဲမှာနွေးထွေးသွားရသည်အခန်းဝရောက်တော့
ကျုံ့ကျုံ့လေးထိုင်နေတဲ့ Seol ကိုတွေ့နေရသည်
Vivien ဟာသိပ်ကိုအကြောတင်းသူလေးပါလား
မျက်နှာချီကာလက်သည်းကြားချင်းပွတ်တိုက်နေသည့်ပုံပင်

YOU ARE READING
AUTUMN BREEZE (✔️)
Fanfictionဒီစည်းကိုသာဖြတ်ခဲ့ဖို့ခေါင်းတချက်ညိတ်လှည့်ပါ ဆောင်လေပြေအေးတွေကြားတောင် နွေးသိမ့်စေရပါမယ် (💜 KookJin 💜) started date - 12th April/2022 end date-3rd May/2022