17.🍂

1.6K 161 19
                                    



ချစ်သူနဲ့အတူနေရတဲ့နေ့ရက်တွေ
ကြည်နူးစရာတွေလွှမ်းထုံတဲ့မနက်ခင်းတွေနဲ့
အချစ်တွေဖော်ကြူးကြတဲ့
လရောင်ထည်ထည်ညခင်းတွေ

ချစ်တဲ့စိတ်နဲ့ ခြယ်သထုဆစ်တဲ့ ဘဝတခုဟာ
ကောင်းခြင်းဆိုးခြင်းမှန်သမျှကို အနားမှာနေပြီးမျှဝေခံစားခွင့်ပဲမလို့ သူ့ကိုတိုးလို့မြတ်နိုးမိသေးတာ

အလန့်တကြားဖြစ်ရတာတွေနဲ့ ရန်တွေ့ခံရတာတွေကတော့ဇာတ်လမ်းရဲ့တစိတ်တပိုင်းမို့ မသိကျိုးကျွန်ပြုထားလို့မရတာအမှန်ပင်

သို့ပေမယ့် သူ့ဆီကသာသေချာရင် အရာရာတိုင်းဟာကျွန်တော့်အတွက်မြတ်နိုးရဆဲ

မနက်ဆို ၅ မိနစ်၅မိနစ်နဲ့ပြန်နှပ်သည်မှာမထတမ်း
ရုံးချိန်နီး၁၅မိနစ်အလိုမှထလာပြီးကသောင်းသနင်း

taxiနဲ့ဆိုပိုနောက်ကျမှာစိုးတဲ့ကျွန်တော်ကပဲလိုက်ပို့မိတော့ လူပေါင်းမှားတဲ့bossဘဝသို့ရောက်ေတာ့တာပဲ
အစည်းဝေးဆိုကျွန်တော့်ကိုပဲစောင့်နေကြရတော့တာ ဂျာကြီးကအစရှယ်ယာရှင်တွေအဆုံးပေါလေ

"၁၀မိနစ်ပဲလိုတော့တာနော်
ဘယ်လိုမှမောင်းလို့မမှီဘူး
ထပါ လိမ္မာပါတယ်"

သူဟာစောင်ကိုဖျတ်ကနဲလှန်လိုက်ပြီး
လှမ်းကြည့်သည်ကနံရံပေါ်မှတိုင်ကပ်နာရီဆီသို့
မျက်လုံးတို့ဟာပွင့်ထားရုံခပ်မှေးမှေးသာ

"မိနစ်၂၀လိုသေးတယ် နောက်၅မိနစ်လောက်ပဲ"

"ကဲ လာပါ"

စောင်ကိုဖယ်လိုက်ပြီး ရင်ခွင်ထဲထည့်ကာ
ပွေ့ချီလိုက်တာနဲ့ နားထဲကိုမိုးကြိုးပစ်ချလိုက်သလိုပင်

"yarrr Jeon Jungkookkkk"

အနီးကပ်ဆိုတော့နားစည်တို့ဟာထုတ်ချင်းပေါက်သွားသည့်အလားပင်
အသံအောင်ချက်မှာ ပြိုင်စံရှားသည်

>>>
"ရား မြန်မြန်မောင်း
ကားကလည်းလိပ်ကျနေတာပဲ"

"ရား ဖြတ်လမ်းကသွားလေ
ကြာတယ် team leader တုတ်တော့မှာပဲ"

ဘေးမှမမောတမ်း ပေါက်ပေါက်ဖောက်သူဟာ
ဖိုင်တခုကိုပိုက်ကာ မျက်လုံးအစုံကိုမှိတ်လျက်လိုက်ပါလာသည်

AUTUMN BREEZE  (✔️)Where stories live. Discover now