"မင်းနဲ့တွဲရတာပျင်းလာပြီ"remoteတခုနဲ့ဂိမ်းတွေထိုင်ရွေးနေသည့်သူဟာ
မလှုပ်မရှက်ကျွန်တော့်ပေါင်ပေါ်တွင်ခေါင်းအုံးလျက်သား
ကျွန်တော့်မှာတော့ ခေါင်းပါထူပူသွားရသည်သူဟာ ငြီးငွေ့သွားပြီလား
လပိုင်းမျှသာရှိသေးသောချစ်သူရည်းစားဘဝမဟုတ်လား
တကယ်လည်းအဆန်းတကြယ်ပျော်အောင်မထားတတ်သည်ကအားနည်းချက်တခုပင်"ဘာလုပ်ပေးရင် မင်းပျော်မှာလဲ"
မျက်နှာငယ်ဖြင့်မေးလိုက်သော
ကျွန်တော့်စကားသံတို့ဟာမဝင့်မရဲ"တကယ်နော်...
ရုပ်ရှင်သွားကြည့်မယ်"ကျွန်တော့်လက်ကိုဆုပ်ကိုင်လာသော
ထိုလက်ကောက်ကောက်လေးတွေနှင့်
မျက်ဝန်းညိုတို့ဟာအရောင်တလက်လက်တကယ်ဆိုတနေ့ကပဲရုံတင်တဲ့iron manကို
သူနဲ့အတူသွားကြည့်ခဲ့တာ
သယ်လာခဲ့တဲ့မုန့်တွေကိုလည်းပိုက်ပြီး
ဘေးမှာ ပေါက်ပေါက်ဖောက်နေတော့တာပဲ
ရိုးရိုးတန်းကဆိုတော့ဘေးလူတွေဟာ စောင်းလှည့်တကြည့်ကြည့်"ဒါလေးများလာခဲ့"
>>>
"အမရေ ဒီအတွက်လက်မှတ်လေးဖြတ်ချင်လို့ပါ
ရိုးရိုးတန်း ထောင့်ခုံ၂နေရာယူမယ်နော်"ကောင်တာပေါ်တွင် သူဟာလက်ချောင်းများကို
တဒေါက်ဒေါက်ခေါက်နေရာမှ"ဟာ ကိုကိုကလဲ
ဘာရိုးရိုးတန်းလဲ"
"ဪ ယောကျားတွေ ယောကျားတွေ
အပြောင်းလဲသိပ်မြန်တာ"ကျွန်တော့်ဘောင်းဘီနောက်အိတ်ကပ်ထဲကို
လက်လာထည့်ပြီး တင်ပါးကိုခပ်ဖွဖွညှစ်လာသည်
ကျွန်တော်တကိုယ်လုံးတောင့်တင်းသွားကာ
ကောင်တာကမိန်းကလေးမှာလည်း
မျက်လုံးအဝိုင်းသား"အတွဲခုံပဲပေးနော်
ပြီးတော့ကိုကိုနဲ့စားဖို့ ပေါက်ပေါက်စုပ်ရယ်
ကြက်ကြော်ရယ် အအေး၂ခွက်ရယ်ဝယ်ပါပေးနော်
ပိုက်ဆံကကိုကိုပေးလိမ့်မယ်"ထို့နောက်မျက်မှန်အမဲကြီးတပ်ကာရှေ့မှထွက်သွားသည်မှာကော့တော့တော့
လက်မှတ်ကောင်တာနားမှလူများ၏အကြည့်မှာကျွန်တော့်ထံသို့ရောက်လာပြီးတီးတိုးစကားသံများလေထုထဲတွင်ကြိီးစိုးတော့သည်
YOU ARE READING
AUTUMN BREEZE (✔️)
Fanfictionဒီစည်းကိုသာဖြတ်ခဲ့ဖို့ခေါင်းတချက်ညိတ်လှည့်ပါ ဆောင်လေပြေအေးတွေကြားတောင် နွေးသိမ့်စေရပါမယ် (💜 KookJin 💜) started date - 12th April/2022 end date-3rd May/2022