ပြန်ချစ်တာခံချင်ရင် မချစ်တာလည်းခံနိုင်ရမယ်
အလောင်းစားလုပ်နေတာမဟုတ်လို့ ပြန်ချစ်မလားမချစ်မလားကိုအကြွေစေ့တခုခေါင်းပန်းလှန်ပြီးတောင်မစမ်းကြည့်ဖူးဘူး seokjinတစ်စုံတစ်ယောက်ဆီက အချစ်ခံရဖို့
မသေချာတော့ပေမယ့် အဲ့ဒီ့လူကို ကိုယ်က
မြတ်မြတ်နိုးနိုးနဲ့ ဆက်ချစ်နေမိတယ်မင်းဟာငါ့ကိုဆယ်စုနှစ်တခုစာအနိုင်ယူနေခဲ့တာလားတဲ့
အနိုင်ယူခဲ့ခြင်းလည်းမရှိသလို ငါ့ဘက်ကလည်းအနိုင်ကျင့်စရာမလိုအောင်ကိုလိုက်လျောပေးနိုင်ခဲ့တယ်လို့ငါထင်တယ်စည်းတခုခြားပြီးအကွာဝေးတခုမှာ
ခြေစုံရပ်နေကြတဲ့သူနှစ်ယောက်မို့
ပိုဝေးသွားမယ့်အခြေနေကိုငါအကြောက်ရဆုံးဆိုတာ
ဒီဒိုင်ယာရီလေးကသက်သေပါပဲ သူငယ်ချင်းလေးရယ်——🐰🐹——
အာညော် ကျွန်တော်နာမည် JungKook ပါ
ကျွန်တော်အသက် ၁၂နှစ်ရှိပါပြီ ကျွန်တော့်ကိုဒီစာအုပ်လေးဖေဖေဝယ်ပေးပါတယ် ကျွန်တော်ကိုအရမ်းအနိုင်ကျင့်ပြီး သူပဲစိတ်ဆိုးတတ်တဲ့သူငယ်ချင်းတယောက်ရှိပါတယ် သူကတော့ Seokjin ပါ ကျွန်တော်သူကိုကြည့်မရ.. ✍️"ဗြိ.."
ရုတ်တရက်ရေးနေသော စာအုပ်ကိုဆွဲလုတာ JungKook ခံလိုက်ရသည်"ဟေ့ကောင် မင်းစာအုပ်ပါဆိုမှ မင်းJungKookမှန်းထည့်ရေးစရာလိုလား"
"ပြန်ပေးစမ်းကွာ မင်းနဲ့ဘာဆိုင်လဲ"
Jungkook စာအုပ်ကိုပြန်လုလိုက်ရင်း.."ဘာကွ မင်းငါ့နာမည်ထည့်ရေးထားပြီး...
မင်းကိုလည်းအနိုင်လည်းမကျင့်ပါဘူး ဒီယုန်ကောင် ၆ချက်ကုတ်လိုက်ရ.."
Seokjin ခါးကိုထောက်လျက် လှမ်းကိုက်လိုက်မည်ဟူသော ကိုယ်နေဟန်ထားဖြင့်"ခုပဲ ကြည့်ပါလား"
Jungkook စာရွက်ကို ပြန်ဖိထားနေသည်"ဗိုက်ဆာတာ မင်းမုန့်ဖိုးဘယ်လောက်ရှိတုန်း"
ပြောပြောဆိုဆိုနှင့် JungKook ၏ပိုက်ဆံအိတ်ကိုလှန်းနှိုက်နေသော Seokjin
>>>
———🐹🐰———"တီတီ"
မိမိ၏အေးချမ်းသော တနဂ်နွေနေ့မနက်ခင်းအိပ်စက်ခြင်းကို ဖျက်ဆီးလိုက်သောထိုဖုန်းသံ
YOU ARE READING
AUTUMN BREEZE (✔️)
Fanfictionဒီစည်းကိုသာဖြတ်ခဲ့ဖို့ခေါင်းတချက်ညိတ်လှည့်ပါ ဆောင်လေပြေအေးတွေကြားတောင် နွေးသိမ့်စေရပါမယ် (💜 KookJin 💜) started date - 12th April/2022 end date-3rd May/2022