🍂 Ending 🍂

2.3K 157 36
                                    



အချိန်ကုန်မြန်တာဟာတနှစ်ပြီးတနှစ်
ခြံပတ်လမ်းမှသစ်ရွက်ကြွေတွေပြီးရင်
ထီးထီးကြီးကျန်နေခဲ့တဲ့ကိုင်းခတ်ညိုတွေအလှည့်
ဟိုတရွက်ဒီတပွင့်စပွင့်လာမယ့်အရွက်နုနုတွေပြီးရင် ကျေးငှက်သံသာတဲ့ဝေဆာဆာသစ်ပင်ကြီးတွေတဖြစ်လဲတလှည့်စီ လည်ပတ်နေကြသည်

သိသိသာသာပြောင်းလဲလာတာကိုလက်ညှိုးထိုးပြပါဆိုရင် မျက်စိရှေ့တင်အရပ်တွေရှည်ထွက်လာတဲ့မတည့်အတူနေလေးနှစ်ယောက်ပင်
ဒါဟာ Vivien Kim နဲ့ Jeon Seol

Vivien လေးကအစကတော့ Seolနဲ့အစိမ်းသက်သက်ပင်
သွက်သွက်လက်လက်နှင့်ယုံကြည်ချက်အပြည့်ရှိသောVivienလေးဟာ မှုန်ကုတ်ကုတ်သီးသန့်နေတတ်သောSeolနှင့် သဟဇာတမဖြစ်ခဲ့
၁လလောက်ပဲကြာမည် ရန်ဖြစ်ရင်းနေသားကျလာတော့တာပါပဲ

Vivienလေးဟာဆံပင်ကိုအမြဲခပ်မြင့်မြင့်စီးထားပြီးချွန်ထက်သောနှာတံပီပြင်သောအဂ်လိပ်စာအသံထွက်တို့နှင့်ပေါင်းစပ်ကာ မျက်နှာကချေထွက်နေတော့တာ

သေသေသပ်သပ်နေသော်လည်းပီးစလွယ်ဝတ်ဆင်တတ်ကာ ဖြူရွရွSeolလေးဟာ ညစ်ကျယ်ကျယ်
တကယ်လည်းကီးမကိုက်တာဟာမဆန်းတော့ဘူးလေ

ဆံပင်တွေချည်လာတိုင်းခေါင်းစီးကြိုးကိုဖွဖွဆွဲဖြုတ်တတ်သောSeolက ခဏကြာရင်Vivienလေးကိုစက်ဘီးလိုက်တွန်းပေးနေတတ်သေးတာ

ကလေးတွေရဲ့အပြုမူတိုင်းကကြည်နူးစရာအတိ
ကျွန်တော်တို့ရဲ့ငယ်ဘဝတွေကိုပါထင်ဟပ်နေတော့တာ
လည်တိုင်တွေပေါ်ရင်ကြိတ်သဝန်တိုတတ်တဲ့ကျွန်တော်နဲ့ ရယ် စက်ဘီးပေါ်ကလဲကျတိုင်းကြာကြာပစ်ထားတတ်တဲ့သူနဲ့

ကွာခြားလွန်းတဲ့အမူကျင့်တွေဖြစ်သော်ငြား နှစ်ယောက်ပေါင်းမှပြီးပြည့်စုံတဲ့သူနဲ့ကျွန်တော်ဟာ Yinနဲ့ Yang

ပိတ်ရက်ဖြစ်သော်လည်းအလုပ်ကိစ္စတွေမပြီးသောကြောင့် ရေတံခွန်လေးနားမှာlaptopတလုံးနှင့်ငုတ်တုတ်မေ့နေရဆဲပင်

တတောက်တောက်ပြေးလာသောအနီရောင်ဂါဝန်လေးနဲ့ကလေးလေးရယ်ပန်းရောင်hoodieလေးနဲ့ကလေးလေးရယ်ဟာ မြင်ကွင်းထဲဝင်လာတော့ ဘေးကခုံကိုပုတ်ပြကာဖုန်တင်နေမှာစိုးတာကြောင့်လက်နှင့်ပါပွတ်ခါထုတ်မိသည်

AUTUMN BREEZE  (✔️)Where stories live. Discover now