"Let's go go go"
ကား dashboard ကိုလက်ဖဝါးနှစ်ဖက်လုံးဖြင့် တဖျပ်ဖျပ်ရိုက်ရင်းပြောနေသည့်အသံမှာ စိတ်လှုပ်ရှားမှုကအပြည့်
"သေချာထိုင် ခါးပတ်ပတ်ထား"
ကျွန်တော် သူ့လက်တစုံကိုဆွဲယူရင်းခါးပတ်ပတ်ပေးဖို့အလုပ်...
"နေ နေ"
လက်ကရိုက်နေတာခဏတန့်လိုက်ပြီး မျက်လုံးကိုခပ်ပြူပြူးလုပ်ကာ လျှာထုတ်ပြလာသည် ဘယ်လိုကလေးဆန်မှုမျိုးလဲ
ပြောင်းလဲမသွားတတ်တဲ့ ဒီချစ်စရာအမူရာလေးတွေ မင်းကခုထိကလေးဆိုးလေးပဲ"မင်းသာအသာနေပါ လျောက်လည်းရိုက်မနေနဲ့ လက်တွေရဲကုန်ပြီ"
ကျွန်တော် အပြောကို သူသိပ်ကျေနပ်ပုံမရ မျက်စောင်းတချက်ကိုခပ်သွက်သွက်လှမ်းထိုးလာသည် ရိုက်နေတာကိုရပ်ပြီးနောက်ပြန်မှီထိုင်သည်
ကားစစက်နှိုးထဲက ကားမောင်းသည့်ဘက်ကိုအပြည့်ဝကျွန်တော်အာရုံစူးစိုက်၍မရ
သီချင်းတီးလုံးအတိုင်း သူလှုပ်စိစိလုပ်နေတော့ သူ့လက်ထဲကကော်ဖီခွက်ကိုပဲသတိထားကြည့်နေရသည်
မှောက်ကျပြီး စိုကုန်ရင် တလမ်းလုံးစိုစိစိနဲ့ သူနေထိုင်ရအဆင်မပြေဖြစ်တော့မှာလေမောင်းလာတာ နည်းနည်းကြာတော့ သူစတင်သန်းဝေလာပြီး ခဏအတွင်းအိပ်မောကျသွားတော့သည်
ခုနကဖွင့်ထားတဲ့ပြတင်းပေါက်ကလေစိမ်းတွေက သူ့မျက်နှာပေါ်ဝဲနေသည့်ဆံပင်ဖျားလေးတွေပေါ်တိုးလျိုးလျက်
မျက်ခုံးခပ်နက်နက်တို့က ပုံမှန်ထပ်တွန့်နေသလိုလို မျက်မှောင်ကြုံ့ထားသည့်ဟန်ပင်
အင်း သူအများကြီးစိတ်ဖိစီးနေတာထင်တယ် ခရီးသွားရတာမကြိုက်တတ်သူလေးမို့ဒီလိုဖြစ်တော့မယ်မှန်းကျွန်တော် သိပြီးသားဖြစ်သည်ဒါတောင်စိတ်သက်သာဖို့ စားချင်တာတွေ တသီတတန်းကြီး သူ့စိတ်ကြိုက်တူတူသွားဝယ်ကြခဲ့သေးတာ
ဖက်ထုပ် အာလူးကြော် တော့ပုကီ ဂျယ်လီချောင်း အအေးဘူးတွေ ခေါက်ဆွဲထုတ်တွေ ဘီယာကတ်တွေ အိုး...စုံနေတာပါပဲ
ကျွန်တော် ကောင်တာမှာရှင်းရတဲ့ဘောက်ချာကကျွန်တော်ခါးနားလောက်ထိတောင်ရှည်သည်
![](https://img.wattpad.com/cover/307365205-288-k564270.jpg)
YOU ARE READING
AUTUMN BREEZE (✔️)
Fiksi Penggemarဒီစည်းကိုသာဖြတ်ခဲ့ဖို့ခေါင်းတချက်ညိတ်လှည့်ပါ ဆောင်လေပြေအေးတွေကြားတောင် နွေးသိမ့်စေရပါမယ် (💜 KookJin 💜) started date - 12th April/2022 end date-3rd May/2022