Unicode
အပိုင်း ၁
ကျွန်တော့နာမည်က ရှောင်းကျန့်ပါ။ ကျွန်တော်အခုအသက် ၃၀ ပြည့်ပြီ။ မိဘမရှိတဲ့ ကျွန်တော့အတွက်တော့ ငယ်ငယ်လေးကတည်းက အားလပ်ရက်ဆိုတာမရှိသလောက်ကို ရှားခဲ့တယ်။ ဒီနေ့ ကံဆိုးတဲ့နေ့ဆိုတာ ဘယ်သူသိနိုင်မလဲ။ ကျွန်တော်လုပ်နေတဲ့ company ဒေဝါလီခံသွားရပြီး အလုပ်လက်မဲ့ဖြစ်သွားမယ်ဆိုတာ.....
" ဟူး....... "
သက်ပြင်းတစ်ချက်ချလိုက်ပြီး စတိုးဆိုင်လေးရဲ့ ခုံလေးမှာထိုင်လိုက်သည်။ လက်ထဲကခေါက်ဆွဲပုံးလေးနဲ့ ဖုန်းလေးကိုစားပွဲလေးပေါ် တင်လိုက်သည်။
" ဘာအလုပ်ရှာရမလဲ "
ညီးညူလိုက်ပြီး အရှေ့ကိုငေးကြည့်နေမိတယ်။ ထိုအချိန်မြင်ကွင်းထဲကို ဝင်လာတဲ့ ပြောင်လက်နေတဲ့ အနက်ရောင်ကားတစ်စီး ထိုကားပေါ်မှာရှိနေတဲ့ လူတစ်ယောက်ကြောင့် ကျွန်တော်စိတ်လှုပ်ရှားသွားရတယ်။ ဒါမဲ့ပတ်သက်မှုမရှိတော့တာ သတိထားမိပြီး တခြားကိုမျက်စိလွှဲလိုက်ရသည်။
စားပွဲပေါ်က ဖုန်းလေးကိုကောက်ကိုင်ပြီး တွေ့ရာဆော့ဝဲတစ်ခုကို သုံးနေလိုက်သည်။ ထိုလူတော့ ကျွန်တော့်ကို မြင်မမြင်မသိဘူး ကားကိုအရှိန်လေးနဲ့ မောင်းထွက်သွားတယ်။
" ရိပေါ် ငါဘာလို့မင်းကို တွေးနေမိသေးတာလဲ "
ခေါက်ဆွဲပုံးလေးကို စားလိုက်ပြီးနောက် ကိုယ်ပိုင်တဲ့ တိုက်ခန်းလေးကို လေးလေးကန်ကန်နဲ့ လျှောက်လာခဲ့သည်။ ပြန်လာရင်း အတွေးတွေက လွန်ခဲ့တဲ့ သုံးနှစ်ဆီကိုရောက်နေမိသည်။
{ လွန်ခဲ့တဲ့ ၃ နှစ် ]
" ဝမ်ရိပေါ်....မင်းငါ့ကို မင်းချစ်သူလို့ မြင်ရဲ့လားဟမ်! !! "
Party ပွဲတစ်တစ်ခုရဲ့ အလယ်မှာလက်ညိုးထိုးပြီး ပြောလိုက်သည်။ ဒါမဲ့ရိပေါ်ကတော့ သူပုခုံးတင်ထားတဲ့ မိန်းကလေးကိုပြုံးကြည့်ပြီး
" ကျန့်ကော ပါတီလာတာလား ထိုင်လေ "
ပေါ့ပေါ့ပါးပါးလေးပြောပြီး အရှေ့ကခုံကိုညွှန်ပြတဲ့ ရိပေါ်ကို အရမ်းမုန်းလိုက်ချင်တယ်။ ရှောင်းကျန့်က မျက်နှာလွှဲလိုက်ပြီး တစ်ခြားကိုသာကြည့်လိုက်တယ်။ ရိပေါ်ကိုမိန်းကလေးတွေနဲ့ ပျော်ပါးနေတာ မြင်ရတာ အရမ်းကိုရင်နာတယ်။
YOU ARE READING
Who Know? [ Complete ]
Fanfiction[ Uni and Zaw ] ဒီficလေးက ရိပေါ်ကောနဲ့ ကျန့်ကော လမ်းခွဲပြီးမှ ရိပေါ်ကောကသူ့အမှားတွေအတွက် ပြန်ပေးဆပ်ပြီး ချစ်စကားပြန်ဆိုမဲ့ Fic လေးပါ။ ဒီfic လေးကိုဖတ်ဖို့ reading list ထဲထည့်ဖို့မမေ့နဲ့နော်။ XiaoMiMi or XiaoThuThu -------=============------- ဒီficေ...