Part 31 ( Who know? End part )

2.2K 104 2
                                    

Unicode

အပိုင်း ၃၁ (ဇာတ်သိမ်း)

" ရှန့်ရှန့်လေး ဖေဖေ့ကို ခြောက်လိုက် "

" ခစ်ခစ် ဟုတ်ပါပါး "

ရှောင်းကျန့်သားလေးနဲ့အတူ companyကိုနေ့လည်စာလာပို့သည်။ ရုံးခန်းထဲဝင်တော့ အထဲမှာလန်ယွမ်နဲ့စကားပြောနေတဲ့ ရိပေါ်ကိုတွေ့လိုက်ရသည်။ ရိပေါ်မှာ အဝင်ဝကိုကျောခိုင်းထားတာမို့ ရှောင်းကျန့်တို့လာတာမမြင်မိချေ။

ရှောင်းကျန့်မှာ သားလေးကိုပြောလိုက်တော့
ရှန့်ရှန့်လေးက ခြေလေးဖွဖွလျှောက်သွားသည်။ ထို့နောက်ကျောခိုင်းထိုင်နေတဲ့ သူ့ဖေဖေကြီးကို အနောက်ကနေ လက်သေးသေးလေးများနဲ့လှမ်းဖက်လိုက်ပြီး

" ဝေါင်း.... "

ရိပေါ်မှာအနောက်လှည့်လာပြီး သူ့ကိုလာခြောက်တဲ့ ခြင်္သေ့လေးကို လန့်သွားဟန်လုပ်လိုက်သည်။

" အားရှန့်လေး ဖေဖေ့ကိုလာခြောက်တာလာ .... ဖေဖေလန့်သွားတာပဲ့ လာစမ်း အပြစ်ပေးရမယ် "

ရိပေါ်က ရှန့်ရှန့်လေးကို အပေါ်ထိမြှောက်ချီသည်။ ရှန့်လေးက ရယ်ပြီးသူ့ဖေဖေကိုရပ်ဖို့ပြောတယ်။ ရိပေါ်ကမရပ်ပေးတော့ စစ်ကူခေါ်တော့သည်။

" ပါပါး.....ပါပါး....လုပ်ပါအုံး....ဖေဖေ့ကိုပြောပါအုံး....အား ဟီးဟီး....ခစ်ခ်ခ် တော်ပြီ....ဖေဖေရေ.........."

ရှောင်းကျန့်မှာထမင်းချိုင့်လေးကို စားပွဲပေါ်တင်ပြီး ကလေးလေးကိုသွားချီသည်။

" တော်ပြီ....ကလေးကိုမစနဲ့တော့ မနက်ကအစောကြီးအလုပ်သွားရတယ်မလား။ ဗိုက်ထဲကဆန္ဒမပြသေးဘူးလား....ge တို့အတူတူစားမယ်လေ..."

ရိပေါ်က ရှောင်းကျန့်စကားဆို အလွန်နားထောင်သည်။ သူကချက်ခြင်းသားလေးကို ချီပြီးရှောင်းကျန့်ထမင်းချိုင့်လေးအနား ရောက်လာသည်။

" အင်း....ge ရှန့်ရှန့်လေးရော မစားရသေးဘူးလား "

ရှန့်ရှန့်လေးမှာ လက်မြန်သူပင်။ ထမင်းချိုင့်ဖွင့်ရုံရှိသေးတယ်။ လက်လေးက အသားတုံးကြီးကိုဆွဲလိုက်ပြီဖြစ်တယ်။ ထို့နောက်ပါးစပ်စပ်အပြည့်သိပ့်ထည့်လိုက်ပြီး

Who Know? [ Complete ]Where stories live. Discover now