Part 11 (Who Know?)

1.6K 124 1
                                    

Unicode

အပိုင်း ၁၁

" ဝမ်ရိပေါ်..... "

ရှောင်းကျန့် စိတ်ဆိုးမှာ ကြောက်ရတာမို့ ရိပေါ် လေသံကိုလျော့လိုက်ရသည်။

" ဟဲဟဲ...ဟုတ်တယ်။ ကျန့်ကော သူငယ်ချင်း....."

ကျန်းယန်လီက မျက်လုံးများမှိတ်သွားသည်အထိ ပြုံးရယ်လာသည်။ သူမက အရမ်းယဥ်ကျေး၊ သိမ်မွေ့တဲ့မိန်းကလေးတစ်ယောက်ပင်။ အမူအယာတွေကလည်း အပိုအလိုမရှိ စိတ်ရင်းကိုပေါ်လွင်နေတယ်။

" ကျန့်ကျန့်...တကယ်သူငယ်ချင်းတွေပဲ့လားဟင် "

ရှောင်းကျန့် ခေါင်းကုတ်လိုက်သည်။

" အမကလည်း..."

ကျန်းချန်က ရိပေါ်နဘေးမှာ ထောင်ထားတဲ့luggage ကိုတွေ့လိုက်ရသည်။ သူကချက်ခြင်း ထမေးတော့တယ်။

" ရှောင်းကျန့် မင်းဒီluggage နဲ့ဘယ်သွားမလို့လဲ "

ရှောင်းကျန့်မှာရိပေါ်ကို မျက်တောင်လေးပုတ်ခတ်ပုပ်ခတ်နဲ့ ကြည့်လိုက်တယ်။ ထို့နောက်မလိမ်တတ်တဲ့ ရှောင်းကျန့်မှာ စကားတွေထစ်ကုန်တော့သည်။

" အား....အလုပ် ကိစ္စ....ဟုတ်တယ်။ အလုပ်ကိစ္စနဲ့ခရီးသွားရမှာ.... ဟီး "

ကျန်းချန် မျက်လုံးများ မှေးစင်းလိုက်ပြီး ထိုနှစ်ယောက်ကို အပြန်အလှန်ကြည့်လိုက်သည်။

" အော်...ဟုတ်လား။ မင်းသူဌေးက မင်းကိုအလုပ်တွေသိပ်ခိုင်းတာပဲ့... "

ရှောင်းကျန့် ကျန်းချန်ရဲ့ပုခုံးကို ရိုက်လိုက်သည်။

" ဘာဖြစ်နေလဲ နောက်လက်ကို ငါချိုးပေးရမလား "

ကျန်းချန် မျက်လုံးပြူးသွားပြီး ရှောင်းကျန့်ကို ကောင်းနေတဲ့လက်တစ်ဖက်နဲ့ ပြန်ရိုက်တယ်။

" မင်း...ငါ့ကိုလာရိုက်တယ်။ ငါပြန်မရိုက်နိုင်ဘူးထင်နေလား..."

ကျန်းချန် ရိုက်တာကိုရှောင်းကျန့်က ရှောင်ပြီး ကျန်းယန်လီ အနောက်မှာ သွားကွယ်ရပ်သည်။ သူက ကျန်းချန်ကိုလျှာတောင် ထိုးပြလိုက်သေးတယ်။

" ရိုက်လေ...."

" မင်း....!! "

ကျန်းချန် ရိုက်လေ ရှောင်းကျန့်က ရှောင်လေဖြစ်နေတာမို့ အလယ်ကအမ ဖြစ်သူကပင် ကြားထဲကဝင်ဖြန်​ဖြေ ပေးရသည်။

Who Know? [ Complete ]Where stories live. Discover now