Unicode
အပိုင်း ၂
မနက်ဖြန် ကျောင်းအတူတတ်ခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်အလည်လာကြမယ်တဲ့။ သူတို့က ကျွန်တော့လို မိဘမဲ့ကျောင်းထွက်တစ်ယောက်မဟုတ်ပါဘူး။ ချမ်းချမ်းသာသာပေါ့...
ရှောင်းကျန့်က ရေချိုးပြီး ကုတင်ပေါ်ခြေပြစ်လက်ပြစ်နေရင်း အွန်လိုင်းပေါ်ကနေ အလုပ်ခေါ်တဲ့နေရာများရှိနေမလားလို့ ရှာနေသည်။ မကြာဘူး အိပ်ချင်စိတ်ကများလာပြီး မှေးခနဲအိပ်ပျော်သွားခဲ့သည်။
တင်း.....
ဖုန်းရဲ့တုန်ခါသံနဲ့ မက်ဆေ့ဝင်သံကြောင့် ရှောင်းကျန့်တစ်ယောက်နိုးလာခဲ့သည်။ မျက်လုံးမှေးမှေးလေးနဲ့ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်တော့ အံ့ဩသလို အရမ်းပျော်သွားရသည်။
" ဟမ် !!!! ငါ့ကို company ကအလုပ်ပြန်ခေါ်တာလား "
ရှောင်းကျန့်တစ်ယောက် အပျော်လုံးဆို့သွားရပြီး အိပ်ရာပေါ်ကနေ ဝုန်းခနဲခုန်ဆင်းလိုက်တယ်။ သူကအဝတ်ဘီဒိုအရှေ့ပြေးသွားပြီး ဖွင့်ကြည့်လိုက်သည်။ ထို့နောက်အဝတ်တစ်ချို့ ရှိမနေတာကိုသတိထားမိလိုက်တယ်။
" အား......ငါအဝတ်တွေ မလျှော်ရသေးဘူး.... သွားပြီ သွားပြီ "
အဝတ်တွေမလျှော်ခင် လာလည်မည်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကို အရင်ဖုန်းဆက်ရမည်။
" ကျန်းချန် မင်းတို့မလာနဲ့တော့ ငါအလုပ်မထုတ်ခံရဘူး။ နောက်မှတွေ့မယ်နော် ဟွိုက်စန်း ကိုလည်းပြောလိုက် Bye bye "
တဖက်က ကျန်းချန်မှာယောင်လည်လည်နဲ့ တစ်ခွန်းမှမပြောလိုက်ရပေ။ ဖုန်းချပြီးတာနဲ့ ရှောင်းကျန့်တစ်ယောက် ရေချိုးခန်းထဲအဝတ်သွားလျှော်ရတော့သည်။
--------Who Know? ---------
မနက်စောစောထပြီး သန့်သန့်ပြန့်ပြန့်ရှိတဲ့ အဝတ်အစားတစ်စုံလဲလိုက်ပြီး ဆံပင်ကိုသေသေသပ်သပ်ဖြီးကာ အလုပ်ကိုထွက်ခဲ့တယ်။
Company ကိုရောက်တော့ အလုပ်ကဝန်ထမ်းတွေ ပြောင်းလဲသွားကြသည်။ သူသိတဲ့ဝန်ထမ်းတွေ မဟုတ်တော့ဘူး။ ကောင်တာတစ်ခုအနားကို လျှောက်သွားလိုက်တယ်။
YOU ARE READING
Who Know? [ Complete ]
Fanfiction[ Uni and Zaw ] ဒီficလေးက ရိပေါ်ကောနဲ့ ကျန့်ကော လမ်းခွဲပြီးမှ ရိပေါ်ကောကသူ့အမှားတွေအတွက် ပြန်ပေးဆပ်ပြီး ချစ်စကားပြန်ဆိုမဲ့ Fic လေးပါ။ ဒီfic လေးကိုဖတ်ဖို့ reading list ထဲထည့်ဖို့မမေ့နဲ့နော်။ XiaoMiMi or XiaoThuThu -------=============------- ဒီficေ...