Part 20 (Who Know?)

1.5K 99 1
                                    

Unicode

အပိုင်း ၂၀

" ဒါတွေမှ မမှတ်မိတော့တာ... ဘာလို့လာပြောနေသေးလဲ "

ရှောင်းကျန့် ရင်နာနာနဲ့ရယ်လိုက်သည်။ ထို့နောက်သူ့အင်္ကျီလက်ကိုအပေါ်ပင့်တင်ထားလိုက်ကာ လက်မှာပတ်ထားတဲ့ လက်ပတ်လေးနှစ်ခုကို ဖြုတ်ယူလိုက်သည်။

Z စာလုံးလေးနဲ့လက်ပတ်က ရိပေါ်ရဲ့လက်ပတ်လေးဖြစ်တယ်။ ခွဲခန်းဝင်ကတည်းက ဝတ်ထားလို့မရတာမို့ ချွတ်ပေးထားခဲ့တာဖြစ်သည်။ ထိုလက်ပတ်လေးကို ရှီးချန်ကရှောင်းကျန့်ကို ပေးထားခဲ့တာ။

ရိပေါ်ပေးထားတဲ့ Y စာလုံးနဲ့လက်ပတ်လေးကိုအရင် စားပွဲပေါ်တင်လိုက်သည်။

" geကိုမမှတ်မိ...မသိတော့တဲ့လူတစ်ယောက်က ပေးထားတာ...အခုge ယူမထားသင့်ဘူး"

ထို့နောက် သူလက်ဆောင်ပေးထားတဲ့ Xစာလုံးနဲ့လက်ပတ်လေးကို စားပွဲပေါ်တင်လိုက်သည်။

" ဒါ ge ကိုမမှတ်မိတော့တဲ့ လူတစ်ယောက်ကို လက်ဆောင်ပေးခဲ့တာ...အဲ့လူက လက်ပတ်လေးကိုဘာပဲ့လုပ်လုပ် ge အဆင်ပြေပါတယ် "

ရှောင်းကျန့် ထိုနေရာကိုကျောခိုင်းပြီး ထွက်လာခဲ့သည်။ ရိပေါ်ထိုလက်ပတ်လေးနှစ်ခုကို ကြည့်ရင်း ရင်ဘက်ထဲအောင့်တတ်သွားရသည်။

အိုင်ဗီက ထိုစာလုံးနှစ်လုံးကို ဒေါသမျက်စိတွေနဲ့ ကြည့်နေပြီး

" ရိပေါ်ကိုကို ဒီလက်ပတ်တွေက ဘာတန်ဖိုးမှမရှိဘူး။ လွှင့်ပြစ်လိုက်လေ "

ရိပေါ် ထိုလက်ပတ်လေးတွေကို ယူလိုက်သည်။ စာလုံးလေးတွေကို ကြည့်ရင်းနဲ့

" အိုင်ဗီ... ငါအရင်ကအကြောင်းတွေ မမှတ်မိတော့ပေမဲ့ ငါ့စိတ်ထဲကသိနေတယ်။ မင်းနဲ့ဘာပတ်သက်မှုမှမရှိတော့တာ... "

ရိပေါ် အရက်ကိုမော့သောက်လိုက်ပြီးနောက် အိုင်ဗီ အရှေ့ကနေထွက်သွားခဲ့သည်။

အပြင်ကစောင့်နေတဲ့ ကျန်းချန်မှာ စိတ်ပူလို့သေတော့မည်။ သူကရှောင်းကျန့်ကို ပြောသာပြောလိုက်ရတယ်။ အရင်လိုထပ်ဖြစ်မှာ တွေးပူနေရသည်။

မကြာဘူး။ အဝင်ဝမှာ လူတွေရုတ်ရုတ်သဲသဲ ဖြစ်သွားတာကိုတွေ့လိုက်ရတယ်။ ကျန်းချန် ထိုနေရာကိုသွားစပ်စုတော့ ကလပ်ကအစောင့်တွေက သတိလစ်နေတဲ့ လူတစ်ယောက်ကို ထိန်းကိုင်ပေးထားတာဖြစ်တယ်။

Who Know? [ Complete ]Where stories live. Discover now