Unicode
အပိုင်း ၂၁
ရှောင်းကျန့်တစ်ယောက် တွေဝေနေတဲ့ခြေလှမ်းတွေနဲ့အတူ အိမ်ကိုပြန်ခဲ့သည်။ သူ့ရဲ့အာရုံထဲမှာလဲ...
( " ရိပေါ်ကိုကိုနဲ့ လက်ထပ်တော့မယ်...ကိုကိုကအတင်းပြောနေတာ.... နောက်ပြီးကိုကို့မှတ်ဥာဏ်တွေထဲမှာ ငါနဲ့ချစ်ခဲ့တာလို့ပဲ့ထင်နေတာ... သူကရှင့်ကိုမမှတ်မိဘူး " )
အိုင်ဗီပြောခဲ့တဲ့ ထိုစကားသံတွေကိုသာ ထပ်တလဲလဲကြားယောင်နေမိသည်။
ရှောင်းကျန့်ရိပေါ်ဆီသွားပြီး မေးလိုက်ချင်သည်။ ထိုမိန်းကလေးပြောတဲ့ စကားတွေကိုမယုံပေမဲ့ ရိပေါ်ထပ်ပြီးပြောလာမဲ့ ရင့်ရင့်သီးသီးစကားသံတွေကိုတော့ ခံနိုင်ရည်မရှိတော့ပေ။ အခုအချိန် ရိပေါ်နဲ့တွေ့ရင် ဘာကြောင့်မှန်းမသိ အဝေးဆုံးကိုသာ ထွက်ပြေးချင်လာသည်။
အိမ်အခန်းကိုရောက်တာနဲ့ ပိုက်ဆံအိတ်လေးထဲက သော့ကိုယူထုတ်လိုက်တယ်။ ဒါမဲ့သော့ကိုဖွင့်ဖို့ အားမရှိဘူး။
အိမ်ထဲမှာ ဘယ်သူမှမရှိဘူး။ စောင့်နေမဲ့သူမရှိဘူး။ ge လို့ခေါ်မဲ့သူလဲမရှိတော့ဘူး။
သော့ကိုအိတ်ကတ်ထဲပြန်ထည့်ပြီး အိမ်အခန်းရဲ့အပေါ်ဆုံးအထပ် လသာဆောင်ကိုတက်ခဲ့သည်။ သူဝယ်ထားတဲ့အခန်းလေးက တိုက်တစ်တိုက်ရဲ့ ဒုတိယအထပ်မှာရှိပြီး တိုက်က လေးထပ် ခေါင်မိုးထပ်နဲ့ဆို ငါးထပ်ရှိသည်။ အပေါ်ဆုံးအထပ်ကိုရောက်တော့ ကားသံတွေနဲ့ တိုးဝှေ့လာတဲ့လေညင်းတွေကို ခံစားမိသည်။
ရှောင်းကျန့်ရဲ့ခြေလှမ်းတွေဟာ ရပ်နားခြင်းမရှိပဲ ခေါင်းမိုးအစွန်းဘက်ကို တည့်တည့်လျှောက်လာခဲ့တယ်။
....................................
" ဝေး....ရှောင်ရှောင်းရေ.... တံခါးဖွင့်အုံး "
" ရှောင်းကျန့်.....ငါတို့လာတယ်...."
ရှောင်းကျန့်အခန်းအပြင်မှာ ကျန်းချန်နဲ့ဟွိုက်စန်းတို့ တံခါးကိုရိုက်ရင်း ရှောင်းကျန့်ကိုအော်ခေါ်နေကြတယ်။ အချိန်ကြာလာတဲ့အထိ တန့်ပြန်မှုမရှိတာကြောင့် ကျန်းချန်ပြန်ဖို့ လှည့်လိုက်သည်။ ထိုအချိန် အပေါ်ထပ်တက်မဲ့လှေကားအောက်ဆုံး အထစ်မှာပိုက်ဆံအိတ်လေးတစ်လုံး တွေ့လိုက်ရသည်။
YOU ARE READING
Who Know? [ Complete ]
Fanfiction[ Uni and Zaw ] ဒီficလေးက ရိပေါ်ကောနဲ့ ကျန့်ကော လမ်းခွဲပြီးမှ ရိပေါ်ကောကသူ့အမှားတွေအတွက် ပြန်ပေးဆပ်ပြီး ချစ်စကားပြန်ဆိုမဲ့ Fic လေးပါ။ ဒီfic လေးကိုဖတ်ဖို့ reading list ထဲထည့်ဖို့မမေ့နဲ့နော်။ XiaoMiMi or XiaoThuThu -------=============------- ဒီficေ...