Unicode
အပိုင်း ၇
အခန်းကိုပြန်ရောက်တော့ ၇နာရီခွဲလောက်ဖြစ်နေလေပြီ။ ရေချိုးပြီးအနားယူမယ်လို့တွေးနေတုန်းရှိသေးသည်။ ဖုန်းကတုန်ခါလာခဲ့တယ်။ သူ့ရဲ့ငယ်သူငယ်ချင်း ဟွိုက်စန်း ဆီကပဲ့။
" အင်း......ဟွိုက်စန်း "
" ..... "
" ဟမ်! ငါအခုလာခဲ့မယ် "
ရှောင်းကျန့်ဖုန်းချပြီးတာနဲ့ ဆေးရုံကိုပြေးသွားရသည်။ ကောင်တာမှာမေးပြီးတာနဲ့ လူနာရှိတဲ့ အခန်းကိုရောက်လာခဲ့သည်။
" ကျန်းချန်....မင်း အဆင်ပြေရဲ့လား။ "
ကျန်းချန်က လူနာကုတင်မှာလဲလျောင်းနေပြီး သူ့နဘေးမှာအမေဖြစ်သူနဲ့ တစ်ခြားလူစိမ်းတစ်ယောက်ရှိနေသည်။ ရှောင်းကျန့်ဝင်သွားတာနဲ့ စိုးရိမ်တကြီးမေးလိုက်တယ်။ ကျန်းချန်မှာ လက်တစ်ဖက်ကိုလည်ပင်းမှာ သိုင်းလွယ်ထားရသည်။ ကြည့်ရတာညာဘက်လက်က အရိုးကြိုးသွားပုံပင်။
" ရှောင်းကျန့် လာပြီလား။ ငါမသေသေးပါဘူး။ အဲ့ဟွိုက်စန်းမင်းကို ဘာပြောလိုက်ပြန်တာလဲ။ ဒီလောက်လန့်ဖြတ်နေတာ "
သူ့မှာစိုးရိမ်ပြီး နားတောင်မနားရသေးဘူး။ ရောက်လာတော့ သူကောင်းသားက ဒီလိုပြောတယ်။
ရှောင်းကျန့် ကျန့်ချန်ရဲ့ကောင်းနေတဲ့ ဘယ်ဘက်လက်ကို အားပါပါရိုက်လိုက်သည်။ ကျန်းချန်က တအားအားအော်တယ်။ သေချာတာပေါ့ အမူအယာတွေပိုနေတယ်ဆိုတာ....
ထို့နောက် ကျန်းချန်ရဲ့အမေကို နှုတ်ဆက်လိုက်တယ်။
" အန်တီ... "
" အင်း....ရှောင်းကျန့် သားရှိနေတုန်း အန်တီအိမ်ခဏပြန်လိုက်မယ်။ ခဏလေးပဲ့ စားဖို့သောက်ဖို့ပါ တခါတည်းယူလာခဲ့မယ်။ "
ရှောင်းကျန့် မှာအန်တီကို သူစောင့်နေပေးမယ်လို့ပြောလိုက်သည်။ ကျန်းချန်အမေ ပြန်သွားပြီးနောက် ရှောင်းကျန့်ရဲ့အကြည့်တွေက လူစိမ်းအနားကိုရောက်သွားသည်။
ကျန်းချန်က အလိုက်တစ်သိနဲ့ ပြောပြသည်။
" သူက ငါနဲ့အက်ဆီးဒင့်ဖြစ်တဲ့သူ ဝမ်ရှီးချန်တဲ့ "
KAMU SEDANG MEMBACA
Who Know? [ Complete ]
Fiksi Penggemar[ Uni and Zaw ] ဒီficလေးက ရိပေါ်ကောနဲ့ ကျန့်ကော လမ်းခွဲပြီးမှ ရိပေါ်ကောကသူ့အမှားတွေအတွက် ပြန်ပေးဆပ်ပြီး ချစ်စကားပြန်ဆိုမဲ့ Fic လေးပါ။ ဒီfic လေးကိုဖတ်ဖို့ reading list ထဲထည့်ဖို့မမေ့နဲ့နော်။ XiaoMiMi or XiaoThuThu -------=============------- ဒီficေ...