Unicode
အပိုင်း ၂၇
" အားချန်....အားချန်.... ဝေး ကျန်းချန်....!! "
ကျန်းချန်တစ်ယောက် မနက်စောစောလာနှိုးနေတာကြောင့် ပြူးပြူးပြဲပြဲနဲ့ အပြင်ပြေးထွက်လာသည်။ အပြင်က မျက်စောင်းနဲ့ကြည့်နေတဲ့ ရှောင်းကျန့်ကြောင့် ဘာအမှားလုပ်ထားလဲ ပြန်တွေးလိုက်သေးသည်။
" အခုထိအိပ်နေတုန်းပဲ့....မနေ့ကတည်းက ရိပေါ်နဲ့အဆက်အသွယ်မရတာ....မင်းကိုရော အကိုရှီးချန် ဖုန်းဆက်သေးလား "
ကျန်းချန်...
" အာ....ဒါပြောဖို့ မနက်၅နာရီလာနှိုးတာလား ရှောင်းကျန့်ရာ....အင်း....ငါမနေ့ကအကိုနဲ့ဖုန်းပြောသေးတယ် "
ရှောင်းကျန့်အနည်းငယ် စိတ်သက်သာရာရသွားသည်။
" ဘယ်အချိန်လောက်ကလဲ "
ကျန်းချန်မှာ သူ့ဆံပင်ငှက်သိုက်ကိုဖွနေရင်း တွေးနေလိုက်သေးတယ်။
" မနက်ဖြန်မနက်လောက်က အ့....!! "
ကျန်းချန်နောက်စိကိုအရိုက်ခံလိုက်ရသည်။ ရှောင်းကျန့်မှာ ထိုသူငယ်ချင်းကို ဘယ်လိုပြောရမယ်မသိတော့ဘူး။
" ငါလည်း အဲ့အချိန်ရိပေါ်နဲ့ ဖုန်းဆက်တယ်...အဲ့နောက်ပိုင်းအဆက်အသွယ်မရတော့တာ...မနက်ဖြန်ဆို ပြန်လာတော့မဲ့ရက်လေ "
ရှောင်းကျန့်စကားကြောင့် ကျန်းချန်လည်းနည်းနည်းစိုးရိမ်စ ပြုလာသည်။ သူကချက်ခြင်းမျက်နှာသစ်လိုက်တယ်။ အဝတ်အစားတွေကိုသေချာဝတ်ပြီး သူ့ကုတင်ပေါ်က ဗိုက်ကြီးသည်သူငယ်ချင်းလေးနဘေး
သွားထိုင်လိုက်သည်။" ငါတို့ ထပ်ပြီးဖုန်းဆက်ရင်ကောင်းမလား "
ကျန်းချန်အပြောကို ရှောင်းကျန့်သဘောတူသည်။ သူတို့ဖုန်းတစ်လုံးစီနဲ့ ဆိုင်သူပိုင်သူများကို ခေါ်ဆိုနေပေမဲ့ ဖုန်းလိုင်းကအဆင်မပြေပေ....
မနက်ငါးနာရီက အချိန်အတော်လေးကျော်သွားပြီဖြစ်တယ်။ သူတို့အခန်းထဲထိုင်နေတုန်း တံခါးခေါက်သံလေးကို ကြားလိုက်ရသည်။
ကျန်းချန်က...
" မမလား "
ထိုအချိန် တံခါးပွင့်သွားပြီး ခေါင်းသေးသေးလေးတစ်လုံး ပြူဝင်လာတယ်။ သူကအားလင်လေးပဲ့...
YOU ARE READING
Who Know? [ Complete ]
Fanfiction[ Uni and Zaw ] ဒီficလေးက ရိပေါ်ကောနဲ့ ကျန့်ကော လမ်းခွဲပြီးမှ ရိပေါ်ကောကသူ့အမှားတွေအတွက် ပြန်ပေးဆပ်ပြီး ချစ်စကားပြန်ဆိုမဲ့ Fic လေးပါ။ ဒီfic လေးကိုဖတ်ဖို့ reading list ထဲထည့်ဖို့မမေ့နဲ့နော်။ XiaoMiMi or XiaoThuThu -------=============------- ဒီficေ...