Part 4 ( Who Know? End of flash back )

2.1K 180 0
                                    

Unicode

အပိုင်း ၄ ( နောက်ကြောင်းပြန်ခြင်း အဆုံး )

" ဟေ့....ဝမ်ရိပေါ် မင်းကောင်လေးကို ဒီနေ့လမ်းမှာတွေ့လိုက်တယ်။ သူကလက်ပတ်လေးတစ်ခုဝယ်ဖို့တောင် ၇လ၈လလောက်စုရတယ်တဲ့ တကယ့်ဟာသပဲ့.... "

ရိပေါ်က ထိုသူငယ်ချင်းကို လှည့်ကြည့်လိုက်တယ်။ စိတ်ထဲမှာ ရုတ်တရက် ရှောင်းကျန့်ကိုတွေ့ချင်သလိုဖြစ်လာသည်။ နောက်ဆုံးတွေ့ခဲ့တာဘယ်အချိန်လဲ။ လွန်ခဲ့တဲ့တစ်ပတ်လောက်က ထင်တယ်။ ရိပေါ် လက်ကနာရီကိုကြည့်ရင်း တခြားသူတွေကို မနှုတ်ဆက်ပဲ ထွက်သွားသည်။

တိုက်ဆိုင်စွာနဲ့ ရှောင်းကျန့်က အလုပ်နားချိန်လေးမှာ အအေးဘူးသွားဝယ်တာမို့ ​ရိပေါ်ရဲ့ကားက သူရှိရာကိုလာနေတာတွေ့လိုက်တယ်။ ရှောင်းကျန့် တခါမှမလာဖူးတဲ့ ရိပေါ်ကြောင့် ကြောင်တောင်တောင်လေး ဖြစ်သွားသည်။ သတိပြန်ဝင်လာတာနဲ့ ကားအနားကိုပြေးသွားလိုက်သည်။

" ရိပေါ် မင်းလာတယ်။ "

ရိပေါ်က ခန့်တည်တည်နဲ့ " ဘာလို့အံ့ဩနေရတာလဲ ဝင် ကားထဲ "

ရှောင်းကျန့်က အချိန်ကိုကြည့်လိုက်တယ်။ ခဏနေအလုပ်ကိုပြန်ဝင်ရတော့မှာ....

" ရိပေါ် မဖြစ်ဘူးထင်တယ်။ အ့ "

ရှောင်းကျန့် မှာပြောခွင့်တောင်မရဘူး။ သူ့အလိုတိုင်း ကားထဲကိုဆွဲသွင်းလိုက်သည်။ ကားတံခါးနဲ့တောင် တိုက်မိလုနီးနီးပင်။

" ရိပေါ်.... မင်း အွန့် "

ပူနွေးသွားတဲ့ နှုတ်ခမ်းတွေကြောင့် ရှောင်းကျန့်တစ်ယောက် အိပ်မက်မက်နေတဲ့အလားပင်။

ချစ်သူဖြစိတာ ၁နှစ်ပြည့်တော့မယ်။ ဒါက ပထမဆုံးအနမ်းပဲ့....ရှောင်းကျန့်မှာ ဘယ်လိုတုန့်ပြန်ရမည်ကို မသိရှာပေ။

" ဟက် "

ရိပေါ်က ရယ်လိုက်ပြီး ရှောင်းကျန့်ခါးလေးကိုဆွဲဖက်လိုက်တယ်။ သူတို့နှစ်ယောက်ကို ပိုမိုနီးကပ်စေခဲ့ပြီး ဆေးအကူမပါတဲ့ ရှောင်းကျန့်နှုတ်ခမ်းလေးတွေကို စုပ်ယူနေခဲ့သည်။

ကျန့်ကော ကမနမ်းတတ်ဘူးပဲ့။

ရိပေါ်စိတ်ထဲမှာ အမျိုးအမည်မသိတဲ့ ပျော်ရွှင်မှုတစ်မျိုးလိုခံစားလိုက်ရသည်။ ကောရဲ့ ယုန်သွားလေးနှစ်ချောင်းကို လျှာနဲ့လျက်လိုက်ပြီး နွေးထွေးထူထဲတဲ့ လျှာလေးကိုပါစုပ်ယူလိုက်တယ်။ ကူရာမဲ့နေတဲ့ လျှာလေးက ရိပေါ်ရဲ့ စုပ်ယူခြင်းကို အလူအလဲခံရသည်။

Who Know? [ Complete ]Where stories live. Discover now