Unicode
အပိုင်း ၁၅
Phone Ringtone......
ဖုန်းအသံကြောင့် ရှီးချန် တစ်ယောက်အလုပ်လုပ်နေရာကနေ ဖုန်းကိုင်လိုက်သည်။
" ဟလို... ဦးလေး "
" ....... "
" ဟုတ်ကဲ့ ရိပေါ် အဆင်ပြေပါတယ်။ ကျွန်တော်သူ့အစား အလုပ်လုပ်နေတယ်။ "
ဝမ်ရှီးချန် ဖုန်းချပြီးတာနဲ့ လန်ယွမ် ရောက်လာခဲ့သည်။
" ဝမ်လောင်တ....သွားဖို့အချိန်ရောက်ပြီ "
ရှီးချန် ခေါင်းငြိမ့်လိုက်တယ်။ ရှီးချန်ကို လူတိုင်းက လောင်တ(သူဌေး) လောင်တ လို့သာခေါ်ကြတယ်။ ဘာလို့ဆိုရှီးချန် စီးပွားရေးလောကထဲဝင်တဲ့အချိန်မှာ အသက်၁၈နှစ်တောင်မပြည့်သေးလို့ပင်။ အရမ်းထူးချွန်တဲ့သူမို့ လူတိုင်းကလေးစားကြပြီး ဝမ်လောင်တ လို့သာသုံးနှုန်းကြတယ်။ ဒီလိုအခေါ်အဝေါကို လူတိုင်းသိကြသည်။
" လန်ယွမ်....မင်းသူဌေးဘယ်သွားမယ် မပြောခဲ့ဘူးလား "
လန်ယွမ် ခေါင်းသာခါလိုက်တယ်။ သေချာတာကတော့ ရုံးခန်းအပြင်ကဝန်ထမ်းတစ်ယောက်နဲ့ပဲ့။
ရှီးချန် သူ့ညီအစား တွေ့ဆုံပွဲကိုတက်ရမည်။
ဒီလိုမသွားဖြစ်တာတောင်ကြာပြီ။
တွေ့ဆုံပွဲမှာ ရှီးချန်ကိုတစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လာကြသည်။ သူတို့အားလုံးက ထိတ်တန်းသူဌေးမိသားစုတွေပဲ့ ရှီးချန် စကားပြောနေရင်း ရင်းနှီးနေတဲ့ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့ရဲ့ဖက်ရှင်က နည်းနည်းဆန်းတယ်။ လက်တစ်ဖက်ကို လည်ပင်းမှာသိုင်းလွယ်ထားသည်။ ရှီးချန်ပြုံးလိုက်မိသည်။ သူကတခြားလူတွေကို နှုတ်ဆက်လိုက်ပြီး ထိုကောင်လေးရှိရာကို လျှောက်သွားလိုက်တယ်။
" ကျန်းဥက္ကဠ.... မတွေ့တာကြာပြီ "
ရှီးချန် ထိုကောင်လေးအရှေ့က အဖေဖြစ်သူကိုအရင် နှုတ်ဆက်လိုက်တယ်။ ကျန်းဥက္ကဠက ဖော်ရွေစွာ ပြန်နှုတ်ဆက်သည်။
" ဝမ်ဥက္ကဠရဲ့ သားကြီးပဲ့.... ဝမ်လောင်တ.... မတွေ့တာတောင်ကြာပြီ ..... ဟေး....အားချန်.... ဒီလာ "
YOU ARE READING
Who Know? [ Complete ]
Fanfiction[ Uni and Zaw ] ဒီficလေးက ရိပေါ်ကောနဲ့ ကျန့်ကော လမ်းခွဲပြီးမှ ရိပေါ်ကောကသူ့အမှားတွေအတွက် ပြန်ပေးဆပ်ပြီး ချစ်စကားပြန်ဆိုမဲ့ Fic လေးပါ။ ဒီfic လေးကိုဖတ်ဖို့ reading list ထဲထည့်ဖို့မမေ့နဲ့နော်။ XiaoMiMi or XiaoThuThu -------=============------- ဒီficေ...