Part 12 (Who know?)

1.6K 115 2
                                    

Unicode

အပိုင်း ၁၂

ရှောင်းကျန့် လက်ပတ်လေးကို နောက်တစ်ကြိမ်ထပ်မြင်လိုက်ရတာမို့ အရင်ကအချိန်လေးကိုသတိရသွားခဲ့သည်။ အခုလိုမှောင်မိုက်နေတဲ့အချိန် မိုးသည်းလေးတွေ ရွာသွန်းဖြိုးနေတဲ့အချိန် အဲ့ဒီည.....

" ရိပေါ်....မင်း ge ထားခဲ့တာ မြင်လိုက်လား "

ရှောင်းကျန့် ခေါင်းကိုငုံ့ထားမိသည်။ ရိပေါ်က ရှောင်းကျန့်ရဲ့ မေးဖျားလေးကနေ ခပ်ဖွဖွလေးဆုပ်ကိုင်ကာ ခေါင်းမော့စေသည်။ မိုးရေစက်လေးတွေက အချင်းချင်းရဲ့မျက်နှာပေါ်မှာ ပြေးလွှားနေကြသည်။

" ကျွန်တော်လာခဲ့တယ်။ ဒါမဲ့ ကျွန်တော်အရင် ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့တယ်။ "

ရိပေါ်ကရှောင်းကျန့်ရဲ့ နာရီဝတ်ထားတဲ့လက်ကို ဆွဲယူလိုက်သည်။ လက်ကိုလှန်လိုက်တော့ သွေးကျောစိမ်းစိမ်းလေးတွေပေါ်နေတဲ့ ဖြူဖွေးနေတဲ့ လက်ကောက်ဝတ်မှာ ကြောက်စရာကောင်းတဲ့ ပြတ်ရာကြီးတစ်ခုက ထင်ပေါ်လို့နေတယ်။

" ge....နောက်ဆို ကိုယ့်ကိုယ်ကို ထိခိုက်အောင်မလုပ်ပါနဲ့ "

ရိပေါ်က လက်ပတ်လေးကို ထိုအမာရွက်ပေါ်ကနေ ထပ်ပြီးဝတ်ပေးလိုက်သည်။ ထိုလက်ပတ်လေးမှာ YB ဆိုတဲ့စာလုံးလေးပါသည်။ ရှောင်းကျန့် ထိုစာလုံးလေးကို ကြည့်လိုက်ရင်း တစ်ခုခုလွဲနေတာကိုသတိထားမိလိုက်တယ်။

" ရိပေါ်.....ge... ထားခဲ့တာ XZ ဆိုတဲ့ge နာမည်နဲ့လေ..."

ရိပေါ်ရဲ့နှုတ်ခမ်းစွန်းက အပေါ်ကော့တက်သွားသည်။ ထို့နောက်သူက သူ့ရဲ့ဘယ်ဘက်လက်ကို မြှောက်ပြလိုက်သည်။ သူ့ရဲ့လက်မှာလည်း ထိုလက်ပတ်နဲ့ပုံစံတူပြီး စာလုံးလေးသာလွဲနေတဲ့ လက်ပတ်တစ်ခုရှိနေခဲ့တယ်။

ထိုလက်ပတ်ကသာ ရှောင်းကျန့်လုပ်ပေးခဲ့တဲ့ XZ ပါတဲ့လက်ပတ်လေးပင်။

" ge... နာမည်နဲ့က ကျွန်တော့်ဆီမှာလေ...ကျွန်တော်ge နဲ့ဆင်တူဝတ်မလို့ ပုံစံတူပြန်လုပ်ထားတာ...ကျွန်တော့နာမည်လေးကို ge အတွက်သီးသန့်လုပ်ပေးထားတယ်။ ဒီလက်ပတ်လေးနဲ့ ကျွန်တော်.....လာဘ်ထိုးပြီး ge ဆီကခွင့်လွှတ်မှုနဲ့ .... ကျွန်တော်ဆီပြန်လာနိုင်မလား "

Who Know? [ Complete ]Where stories live. Discover now