Part 22 (Who know?)

1.6K 110 1
                                    

Unicode

အပိုင်း ၂၂

" ဝမ်ရိပေါ် မင်း....ပြန်မှတ်မိပြီလား "

ဟွိုက်စန်းက ရိပေါ်ကိုဆရာဝန်တွေ အနားယူတဲ့အခန်းတစ်ခုကို ခေါ်ခဲ့သည်။ ရိပေါ်က ခေါင်းကိုငုံ့ပြလိုက်ကာ သူ့လက်ထဲက ဓာတ်ပုံလေးကိုသာ စိုက်ကြည်ံ့နေခဲ့သည်။

" အင်း...အားလုံးတော့မဟုတ်ပေမဲ့ ge...နဲ့ပတ်သတ်တာ တစ်ချို့တော့မှတ်မိပြ်ီ ဟွိုက်စန်းအကို... ကျွန်တော့ကိုပြောပြပါ..."

ဟွိုက်စန်းက ခေါင်းကိုကုတ်လိုက်ပြန်တယ်။

" ငါမသိဘူး...သိလည်း မပြောပြနိုင်ဘူး "

ရိပေါ် စိတ်မရှည်တော့တာမို့ လေသံတောင်မာသွားသည်။

" ကျွန်တော့ကိုပြောပြပါ အကို! !!! "

ဟွိုက်စန်းတောင် လန့်ပြီးအနောက်ဆုတ်လိုက်မိတယ်။ သူက အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ဖြေရှာတယ်။

ငါဒါလေးပြောလိုက်ရင် ဘာမှမဖြစ်နိုင်ဘူး။ ရှောင်းကျန့်လည်း ဒီမြို့မှာမရှိတော့တာ...သူမတွေ့နိုင်လောက်ပါဘူး။

" ဟုတ်တယ်။ ရှောင်းကျန့်မှာ မင်းနဲ့ရတဲ့ ကိုယ်ဝန်ရှိတယ် ငါဒီတစ်ခွန်းပဲ့ပြောနိုင်မယ် "

ရိပေါ် ကြောင်တောင်တောင်လေးနဲ့ အာထရာဆောင်းပုံလေးကိုပြန်ကြည့်လိုက်သည်။

" ဒါမဲ့ ge က.....ယောကျာ်းလေးမလား ဘယ်လိုလုပ် "

" အဲ့ဒါ သူ့ထူးခြားချက်ပေါ့....ငါ ဂျူတီရှိတယ် "

ဟွိုက်စန်း ထိုနေရာကနေ ထွက်သွားမလို့လုပ်တုန်း ရိပေါ်က " ge... ဘယ်မှာလဲ "

ဟွိုက်စန်းက ရိပေါ်ကိုအငြိုးကြီးကြီး ကြည့်လိုက်တယ်။

" မင်းလက်ထပ်တော့မှာဆိုလို့ ရှောင်ရှောင်း သူထွက်သွားပြီ "

" ဟမ်! လက်ထပ်တော့မှာ ဘယ်သူကလက်ထပ်မှာလဲ...."

ဟွိုက်စန်းက ဆက်မနေတော့ပဲ ပြေးထွက်သွားတာ သေတော့မည့်လူနာ သွားကြည့်ရမဲ့အတိုင်းပင်။

ရိပေါ် ထိုပုံလေးကို သူ့ရဲ့အိတ်ကတ်လေးထဲ သေချာပြန်ထည့်လိုက်ပြီး လှည့်ပြန်လိုက်တယ်။ ရိပေါ်ရဲ့အကြည့်တွေကလည်း အေးစက်နေခဲ့သည်။

Who Know? [ Complete ]Where stories live. Discover now