Unicode
အပိုင်း ၈
ရိပေါ် ရှောင်းကျန့် ဝင်သွားတဲ့အခန်းကို ပြုံးကြည့်လိုက်ပြီး ခေါက်ဆွဲကိုကုန်အောင်စားလိုက်သည်။
အခု ge နဲ့အနီးဆုံးကိုရောက်နေပြီ။
စားပြီးတာနဲ့ စားပွဲတွေပါတွေ သန့်ရှင်းရေးလုပ်ပြီး ထမင်းစားခန်းလေးကနေ ထွက်လာခဲ့တယ်။ ဧည့်ခန်းလေးက ဆိုဖာပေါ်မှာ ခေါင်းအုံးနဲ့စောင်တင်ထားတာကိုတွေ့လိုက်ရသည်။
ရိပေါ် ထိုခေါင်းအုံးနဲ့စောင်ကို ပိုက်လိုက်ပြီး ရှောင်းကျန့်အခန်းအရှေ့ကို လျှောက်သွားလိုက်သည်။
" ge အိပ်သွားပြီလား။ ge ကျွန်တော်တစ်ယောက်ထဲ မအိပ်ရဲဘူး။ "
" ...... "
ရှောင်းကျန့်မှာ အိပ်မပျော်ပဲဖြစ်နေချိန်မှာ အပြင်ကအသံတိုးတိုးလေးနဲ့ လာခေါ်နေတဲ့ရိပေါ်ကြောင့် နှလုံးခုန်သံတွေ စည်းချက်မှားလာရသည်။ ရိပေါ်ကိုရင်မဆိုင်ရဲတာကြောင့် အသံတိတ်သာနေနေမိသည်။
အပြင်ကရိပေါ်မှာ တံခါးကိုမှီကာ ထိုင်လိုက်ပြီး ရှောင်းကျန့်မဖွင့်ပေးမချင်း ခေါ်နေဖို့ဆုံးဖြတ်ထားသည်။
" ge.....ကျွန်တော့်ကို ခေါ်အိပ်ပါလား။ ကျွန်တော် အိပ်မဆော့ပါဘူးနော်....ge....ge~~~~ လို့....ge~~~~~~အ့ "
ရုတ်တရက် တံခါးဖွင့်လိုက်တာမို့ အရှိန်မထိန်းနိုင်ပဲ အနောက်ကိုလန်ကျသွားရသည်။ အပေါ်က ငုံ့ကြည့်နေတဲ့ ရှောင်းကျန့်ကိုသွား၃၂ ချောင်းလုံးပေါ်အောင်ပြုံးပြလိုက်သည်။
" ge... ဟဲဟဲ "
ရှောင်းကျန့်က စိတ်လေနေတဲ့ပုံနဲ့ သူ့ကုတင်ပေါ်သွားပြီး တစ်ဖက်ကိုဘေးစောင်းကာ အိပ်နေတော့သည်။ ထို့နောက် ရိပေါ်မှာသခင်အနားအိပ်ခွင့်ရလိုက်တဲ့ ချစ်စရာပါပီလေးတစ်ကောင်လို့ ခေါင်းအုံးတွေစောင်တွေဆွဲပြီး ရှောင်းကျန့်နဘေးလာအိပ်တော့သည်။
" ge...ကောင်းသောညပါ "
" .......... "
ရိပေါ် ရှောင်းကျန့်ကျောပေးထားတဲ့ ဘက်ကိုလှည့်ပြီး နောက်ကနေမြင်နေရတဲ့ ge ရဲ့လည်တိုင်လေးနဲ့ နားရွက်နီနီလေးကို ကြည့်ပြီး မျက်လုံးများကိုမှိတ်လိုက်သည်။
YOU ARE READING
Who Know? [ Complete ]
Fanfiction[ Uni and Zaw ] ဒီficလေးက ရိပေါ်ကောနဲ့ ကျန့်ကော လမ်းခွဲပြီးမှ ရိပေါ်ကောကသူ့အမှားတွေအတွက် ပြန်ပေးဆပ်ပြီး ချစ်စကားပြန်ဆိုမဲ့ Fic လေးပါ။ ဒီfic လေးကိုဖတ်ဖို့ reading list ထဲထည့်ဖို့မမေ့နဲ့နော်။ XiaoMiMi or XiaoThuThu -------=============------- ဒီficေ...