Unicode
အပိုင်း ၂၄
ရှောင်းကျန့် ဦးလေးကိုမေးလိုက်သည်။
" ဘယ္သူလဲ ဦးလေး... "
ဦးလေးက ခေါင်းကိုဖြေးညင်းစွာ ခါလိုက်သည်။ ထို့နောက် ရှောင်းကျန့်သွားနေကျ တောင်ပုလေးက ခုံတန်းလေးဘက်ကို မေးငေါ့ပြလိုက်ကာ
" ဦးလေးလည်းအခုမှ တွေ့ဖူးတဲ့ကောင်လေးတစ်ယောက်ပဲ့ သူကသားပြန်လာမှာကို သစ်ပင်ကြီးအောက်မှာစောင့်နေတာ အတော်ကြာပြီ "
ရှောင်းကျန့် စိတ်လှုပ်ရှားစွာနဲ့ ထိုနေရာကိုအပြေးတပိုင်းလေးနေတဲ့ ထွက်ခဲ့သည်။
တောင်ပုလေးပေါ်မှာ လေတိုက်ရာအလိုက် ညင်သာစွာ လှုပ်ရမ်းနေကြတဲ့ မြက်ပင်လေးတွေနဲ့ သစ်ပင်ကြီးရဲ့အစိမ်းရောင် သစ်ရွက်လေးတွေ တစ်ယောက်ယောက်လာထိုင်မှာကို စောင့်မျှော်နေတဲ့ သစ်သားခုံတမ်းလေးတွေက ပြင်လွဲပြီးထူးခြားမှုမရှိခဲ့ပေ....
ဘယ်သူမှလည်းမရှိဘူး။ ငါမျှော်နေတဲ့ သူတော့ရောက်လာမှာ မဟုတ်လောက်ပါဘူး။
ရှောင်းကျန့် သူ့ဗိုက်လေးကို ကိုင်လိုက်ပြီး ထိုနေရာကနေလှည့်ထွက်ဖို့ ပြင်လိုက်သည်။
" ပါပါး စောင့်နေတဲ့သူမဖြစ်နိုင်ပါဘူး...."
မြေပြင်ပေါ် လှဲလျောင်းနေတဲ့ အဝါရောင်သစ်ရွက်လေးတွေအပေါ် လျှောက်နင်းလျက် ထိုနေရာလေးကို ကျောခိုင်းလိုက်သည်။ သစ်ရွက်ခြောက်လေးတွေရဲ့ တစ်ချောက်ချောက်မြည်သံတွေကြား တိုးငြင်းတဲ့ခေါ်သံလေးတစ်ခု....
" ge "
လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေ ရပ်တန့်သွားခဲ့သည်။ ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေနဲ့အတူ အသံလာရာကို အကြည့်များရွေ့ပြောင်းလိုက်သည်။
သစ်ပင်ကြီးရဲ့အနောက်ဘက်နေ ရင်းနှီးနေတဲ့ ခေါ်သံက ရှောင်းကျန့်နှလုံးသားကို ကိုင်လှုပ်နိုင်စွမ်းရှိသည်။ ထိုနေရာကနေ ထွက်လာသောသူကို မြင်လိုက်တာနဲ့ လွမ်းဆွတ်မှုကြောင့် မျက်ရည်များစွာဝေ့သီလာလျက် မြက်ခင်းပြင်တွေကြား ကြွေကျကုန်သည်။ သူလျှောက်နင်းလာသည့် အဝါရောင်သစ်ရွက်များကို ထပ်မံနင်းကာ ထိုလူဆီသို့ အပြေးသွားမိသည်။
YOU ARE READING
Who Know? [ Complete ]
Fanfiction[ Uni and Zaw ] ဒီficလေးက ရိပေါ်ကောနဲ့ ကျန့်ကော လမ်းခွဲပြီးမှ ရိပေါ်ကောကသူ့အမှားတွေအတွက် ပြန်ပေးဆပ်ပြီး ချစ်စကားပြန်ဆိုမဲ့ Fic လေးပါ။ ဒီfic လေးကိုဖတ်ဖို့ reading list ထဲထည့်ဖို့မမေ့နဲ့နော်။ XiaoMiMi or XiaoThuThu -------=============------- ဒီficေ...