0 🥀

3.5K 176 24
                                    

Unicode ver

16/7/2021

ရှာတွေ့ခဲ့တဲ့ အခိုက်တန့်ကစလို့ တစ်စက္ကန့်လေးတောင် မချစ်ဘဲမနေနိုင်ခဲ့ပါဘူး

...................................................

တိုက်ခန်းငယ်လေးဝယ် ပြတင်းပေါက်ဆီက ဖြာကျနေတဲ့ လရောင်ခြည်နွေးလေး..

အညိုရောင်ကြမ်းခင်းထက် အချစ်သက်သေထူစိုက်တဲ့ အဝတ်အစားအချို့ပြန့်ကျဲနေလျက် ဝေဟင်ထက်ကြယ်ပွင့်လေးတွေကတော့ အရှက်တကြီးပုန်းကွယ်နေကြဟန်

လရောင်ပတ်ဖြန်းတဲ့ အိစက်စက်မွေ့ယာထက် ဝယ်တော့ နံရံကိုကျောမှီကာ ဝတ်လစ်စလစ်ကောင်လေးတစ်ယောက် တင်ဖျဥ်ခွေထိုင်လျက် စီးကရက်တစ်လိပ်အား ပျင်းရိပျင်းတွဲ ဖွာနေသည်

ကောင်လေးရဲ့ ဖြူဖွေးဖွေး ပေါင်သားထက်မှာတော့ ကောင်လေးသိပ်ချစ်သောဖြစ်တည်မှုလေးဟာ အပူအပန်မဲ့ မှေးစက်လျက်

နာရီသံတချက်ချက် ကြားရလောက်သည်အထိ အခန်းငယ်ဟာ ဆိတ်ငြိမ်နေပေမယ့် ရင်းနှီးနေတဲ့အသက်ရှူသံနှစ်စုံဟာ အေးစက်ခြင်းကင်းစွာ နေရခက်ခြင်းကင်းစွာ အချင်းချင်း နွေးထွေးစွာအဖော်ပြုနေကြတာက လုံခြုံရာရပ်ဝန်းထဲ အနားယူနေကြ၍သာ..

သက်တောင့်သက်သာရှိတဲ့ တိတ်ဆိတ်ခြင်းဟာ အရာအားလုံထက် ငြိမ်းချမ်းပါသည်

"အချစ်"

မီးခိုးရောင်စီးကရက်ငွေ့တွေနဲ့အတူ ဖြတ်စီးလာတဲ့ သြရှရှအသံလေး

"ဟင်?"

တုန့်ပြန်မှုတစ်ခုပေးကာ မှိတ်ချထားတဲ့ မျက်ဝန်းတစ်စုံကိုဖွင့်ရင်း မျက်လုံးလက်လက်တစ်စုံနှင့် ငေးမော်ကြည့်လာသည်

မျက်ဝန်းညိုညိုတွေဟာ ညို့အားပြင်းပြင်းတစ်ခုလို စွဲလမ်းစေမြဲပါပဲ
ကောင်လေးဟာ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည်
နှာဖျားထဲ ကျန်ရစ်နေခဲ့သော စီးကရက်ငွေ့တို့သည်လည်း တလွင့်လွင့်လူးလျက် မှေးစက်နေတဲ့ အနက်ရောင်ဆံနွယ်ပျော့စင်းစင်းတွေထက်မှာ မွေ့လျော်ကြသည်

"ကိုယ်တို့ လမ်းခွဲကြမလား?"

တိမ်ဝင်နေသော စကားတစ်ခွန်းမှာ တည်ငြိမ်နေသာ ကန်ရေပြင်ပမာ။

𝐧𝐞𝐯𝐞𝐫𝐄𝐍𝐃𝐢𝐧𝐠  (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now