6 🥀

664 82 22
                                    

Unicode ver

သန်ခေါင်းယံအချိန် ...

ပြတင်းပေါက်ဆီက ရုတ်တရက်ဝင်လာတဲ့ ချမ်းစိမ့်စိမ့်လေအေးအေးဟာ စောင်လွတ်နေတဲ့ခြေဖဝါးကို ကျီစယ်ရင်း မောင့် ကို တရေးနိုးစေခဲ့သည်။

အိပ်မက်နဲ့ လက်တွေ့ မသဲကွဲလောက်အောင် အိပ်မှုန်စုပ်ဖွားဖြစ်နေပေမယ့် သတိတရ နံဘေးကို လက်ဖဝါးနဲ့ စမ်းကြည့်သည်။

လွတ်နေတဲ့ရပ်ဝန်းလေးမှာ နွေးထွေးတဲ့ကိုယ်ငွေ့လေးတစ်စုံ ရှိမနေဘူး

မှေးစင်းနေတဲ့မျက်လုံးတို့ကို ပွတ်သပ်လိုက်ပြီး လေစိမ်းလာရာ ပြတင်းပေါက်ကို ဦးစွာကြည့်လိုက်သည်။

လိုက်ကာခန်းဆီးဖြူ တလွင့်လွင့်ကြား အလုအယက်ဝင်လာနေသော လေကြမ်းကြမ်း။
မှိန်ဖျော့ဖျော့ကျဲကြနေတဲ့ လရောင်ခြည်ဟာ အညိုရောင်ကြမ်းခင်းထက် ပန်းပွင့်ပန်းခက်အချို့ ဖော်ထားသလို။

မောင် ဟာ စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုံ့လိုက်သည်

မအိပ်စက်မှီက သေသေချာချာပိတ်ထားခဲ့တဲ့ ပြတင်းပေါက်ဟာ ဘာကြောင့်များ ပွင့်နေရသလဲ

အိပ်ရာပေါ်က ကုန်းရုန်းထလိုက်ပြီး ပွင့်နေတဲ့ ပြတင်းပေါက်ကို ထပိတ်ရန်ပြင်သည်

ခြေလှမ်းအချို့ လှမ်းလျှောက်လိုက်သည့်အခါမှ တဖြည်းဖြည်းနိုးကြားလာတဲ့ခန္ဓာကိုယ်။

အသိစိတ်ကပ်တာနဲ့ ရင်တုန်ရသည်က ဂျွန်းရဲ့ပုံရိပ်လေး အခန်းထဲမှာရှာမတွေ့ပါခြင်း။

"ဂျွန်း!"

ခြောက်သွေ့သောလည်ချောင်းတို့ဖြင့် အော်ခေါ်သည်

ဆိတ်ငြိမ်မှုသာ မောင့် ကိုအဖော်ပြုလျက်..

"ဂျွန်း!!"

နောက်တစ်ဖန် ထပ်အော်သည်။
အသားကျသွားပြီဖြစ်တဲ့ လည်ချောင်းဟာ ပထမအကြိမ်ထပ် ပိုကျယ်ကျယ်။

တုံ့ပြန်မှုမလာတဲ့အခါ မောင် ဟာ အခန်းပေါက်စေ့ကို လှန်လှော်ရှာဖွေတော့၏
ရေချိုးခန်း ၊ ကုတင်အောက်ကအစ လူမဆန့်နိုင်တဲ့ချောင်ချိုချောင်ကြားအထိ..
မောင်ဟာ ပြာယီးပြာယာပါပဲ

𝐧𝐞𝐯𝐞𝐫𝐄𝐍𝐃𝐢𝐧𝐠  (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now